Skip to content
ကောရိန္သုဩဝါဒစာပဌမစောင် 16:19-24

နှုတ်ခွန်းဆက်ခြင်းနှင့် နောက်ဆုံးကောင်းကြီးပေးခြင်း

ကောရိန္သုဩဝါဒစာပဌမစောင် 16:19-24
19
အာရှိပြည်၌ အသင်းတော်များတို့သည် သင်တို့ကို နှုတ်ဆက်ကြ၏။ အာကုလနှင့်ပြစ်ကိလတို့သည် သူတို့ အိမ်၌ရှိသော အသင်းတော်နှင့်တကွ၊ သခင်ဘုရားကို ထောက်၍ သင်တို့ကို များစွာနှုတ်ဆက်ကြ၏။
20
ညီအစ်ကိုအပေါင်းတို့သည် သင်တို့ကို နှုတ်ဆက်ကြ၏။ အချင်းချင်းတယောက်ကိုတယောက် သန့်ရှင်း သော နမ်းခြင်းနှင့် နှုတ်ဆက်ကြလော့။
21
ငါပေါလုသည် နှုတ်ဆက်ခြင်းအချက်ကို ကိုယ်လက်နှင့် ရေးထား၏။
22
အကြင်သူသည် သခင်ယေရှုခရစ်ကို မချစ်၊ ထိုသူသည် အနသေမာဖြစ်စေသတည်း။ သခင်ဘုရား သည် ကြွလာတော်မူ၏။
23
ငါတို့သခင်ယေရှုခရစ်၏ကျေးဇူးတော်သည် သင်တို့၌ရှိစေသတည်း။
24
ယေရှုခရစ်၏ တပည့်တော်ဖြစ် သမျှသော သင်တို့၌ ငါ၏ချစ်ခြင်းမေတ္တာရှိ၏။ အာမင်။ ကောရိန္သုဩဝါဒစာပဌမစောင်ပြီး၏။
Settings

Reading style

Typeface

Font size 19px

Reading width 90 chars

Options