Skip to content
ရာဇဝင်ချုပ်ပဌမစောင် 24:20-31

ကျန်လေဝိသားများကို ခွဲဝေခြင်း

ရာဇဝင်ချုပ်ပဌမစောင် 24:20-31
20
ကြွင်းသော လေဝိအမျိုးသားဟူမူကား၊ အာမရံ သားဖြစ်သော ရှုဗွေလ၏သားစုတွင် ယေဒေယ၊
21
ရေဟဘိသားစုတွင် ဣရှယာ၊
22
ဣဇဟာသား ဖြစ်သော ရှေလောမိတ်၏သားစုတွင် ယာဟတ်၊
23
ဟေဗြုန်သားစုတွင် သားအကြီးယေရိ၊ ဒုတိယ သားအာမရိ၊ တတိယသားယဟာဇေလ၊ စတုတ္ထသား ယေကမံ၊
24
ဩဇေလသားဖြစ်သော မိက္ခာ၏သားစုတွင် ရှမိရ၊
25
မိက္ခာညီဣရှယာသားစုတွင် ဇာခရိတည်း။
26
မေရာရိသားကား မဟာလိနှင့် မုရှိဖြစ်၍၊
27
မေရာရိအမျိုးသားဖြစ်သော ယာဇိ၏သားကား ဗေနော၊ ရှောဟံ၊ ဇက္ကုရ၊ ဣဗရိတည်း။
28
မဟာလိသားဧလာဇာ၌သားမရှိ။
29
ကိရှသားကား ယေရမေလတည်း။
30
မုရှိသားကားမဟာလိ၊ ဧဒါ၊ ယေရိမုတ်တည်း။ ဤရွေ့ကား မိမိတို့ အဆွေအမျိုးအလိုက် လေဝိအမျိုး သားတည်း။
31
ဤသူတို့သည် ဒါဝိဒ်မင်းကြီး၊ ဇာဒုတ်၊ အဟိမ လက်အစရှိသော ယဇ်ပုရောဟိတ်လေဝိသားအဆွေ အမျိုးသူကြီးတို့ရှေ့မှာ မိမိတို့ညီအစ်ကို အာရုန်အမျိုးသား တို့က ဘက်တချက်အလှည့်လှည့်စားရေးတံပြုကြ၏။
Settings

Reading style

Typeface

Font size 19px

Reading width 90 chars

Options