ရာဇဝင်ချုပ်ပဌမစောင် 13:2-3
2
ဣသရေလအမျိုး ပရိသတ်အပေါင်းတို့အား၊ သင်တို့သည် အလိုရှိ၍ ငါတို့၏ဘုရားသခင်ထာဝရဘုရား အခွင့်ပေးတော်မူလျှင်၊ ဣသရေလနိုင်ငံအရပ်ရပ်၌ ကျန်ကြွင်းသေးသော ငါတို့ညီအစ်ကိုများ၊ မြို့နှင့်မြို့နယ်၌ နေသော ယဇ်ပုရောဟိတ်၊ လေဝိသားများတို့သည် ငါတို့ နှင့်အတူ စည်းဝေးစေခြင်းငှါ အနှံ့အပြားစေလွှတ်ကြ ကုန်အံ့။
3
ငါတို့၏ဘုရားသခင် သေတ္တာတော်ကို တဖန် ဆောင်ခဲ့ကြကုန်အံ့။ ရှောလုလက်ထက်၌ ထိုသေတ္တာ တော်ရှေ့မှာ မေးမြန်းလေ့မရှိပါတကားဟု မိန့်တော်မူ သောစကားကို၊
Settings