Skip to content

Zadok အကြောင်း ကျမ်းစာအခန်းငယ်များ

9 အခန်းငယ် · 8 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

  1. ယေရုရှလင်မြို့၌ ဣသရေလနိုင်ငံကို တဆယ် ခြောက်နှစ်စိုးစံလေ၏။ မယ်တော်ကား၊ ဇာဒုတ်သမီး ယေရုရှာအမည်ရှိ၏။

  2. အဟိတုပ်သား ဇာဒုတ်၊ ဇာဒုတ်သား ရှလ္လုံ၊

  3. ခွန်အားကြီးသောသူရဲ၊ လူပျိုဇာဒုတ်နှင့် သူ၏ အဆွေအမျိုးတပ်မှူးနှစ်ကျိပ်နှစ်ပါး၊

  4. ယောသံသည် အသက်နှစ်ဆယ်ငါးနှစ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ တဆယ်ခြောက်နှစ် စိုးစံ လေ၏။ မယ်တော်ကား၊ ဇာဒုတ်သမီးယေရုရှာအမည် ရှိ၏။

  5. သူတို့နောက်မှ၊ ကောဇသားဖြစ်သော ဥရိယ၏ သား မေရမုတ်ပြင်၏။ သူ့နောက်မှ၊ မေရှဇဗေလသား ဖြစ်သော ဗေရခိ၏သားမေရှုလံ ပြင်၏။ သူ့နောက်မှ၊ ဗာနာသား ဇာဒုတ်ပြင်၏။

  6. သူတို့နောက်မှ၊ ဣမေရသား ဇာဒုတ်သည် မိမိအိမ် တဘက်တချက်၌ ပြင်၏။ သူ့နောက်မှ၊ ရှေကနို သား၊ အရှေ့တံခါးမှူး ရှေမာယ ပြင်၏။

  7. မေရှဇဗေလ၊ ဇာဒုတ်၊ ယာဒွါ၊

  8. အဟိတုပ်၊ မရာယုတ်၊ ဇာဒုတ်၊ မေရှုလံ၊ ဟိလခိ တို့မှ ဆင်းသက်သော ဘုရားသခင်၏ အိမ်တော်အုပ်စရာ ယ အစရှိသော၊

  9. ယဇ်ပုရောဟိတ် ရှေလမိ၊ ကျမ်းတတ်ဇာဒုတ်၊ လေဝိသား ပေဒါယ၊ သူ့နောက်မဿနိသားဖြစ်သော ဇက္ကုရ၏သား ဟာနန်တို့ကို ဘဏ္ဍာတော်တိုက်စိုးအရာ၌ ငါခန့်ထား၏။ ထိုသူတို့သည် သစ္စာစောင့်ခြင်း အသရေ ရှိသည်ဖြစ်၍၊ အမျိုးသားချင်းတို့အား ဝေဖန်ရကြ၏။