အကြောင်းအရာသို့ ကျော်သွားရန်

Wives အကြောင်း ကျမ်းစာအခန်းငယ်များ: Samson's wife

3 အခန်းငယ် · 37 ရှုထောင့်

Samson's wife အကြောင်း အခန်းငယ်များ

  1. စတုတ္ထနေ့ရောက်မှ၊ သူတို့က၊ သင်၏လင်သည် စကားဝှက်အနက်ကို ဘော်ပြစေခြင်းငှါ သူ့ကို ချော့မော့ ရမည်။ သို့မဟုတ် သင်နှင့်တကွ သင့်အဆွေအမျိုးကို မီးရှို့မည်။ ငါတို့ဥစ္စာကို လုယူခြင်းငှါ ငါတို့ကို ခေါ်ဘိတ်သလောဟု ရှံဆုန်၏ မယားကို ဆိုသောကြောင့်၊

  2. သူသည် လင်ရှေ့မှာ ငိုကြွေး၍ သင်သည် ငါ့ကို မချစ် မုန်းပါ၏။ ငါ့အမျိုးသားချင်းတို့အား စကားဝှက်ကို ပြောသော်လည်း၊ အနက်ကို ငါ့အား မပြပါတကားဟု ဆို၏။ ရှံဆုန်ကလည်း၊ ငါသည် ကိုယ်မိဘကိုမျှ မပြဘဲ သင့်အား ပြရမည်လောဟုဆိုသော်လည်း၊

  3. ပွဲခံရာခုနစ်ရက်စေ့အောင် လင်ရှေ့မှာ ငိုကြွေး၍ ခုနစ်ရက်မြောက်သော နေ့၌ အလွန်ပူဆာသော ကြောင့် အနက်ကို ဘော်ပြ၏။ မိန်းမသည်လည်း အမျိုးသားချင်းတို့အား ပြန်ပြောလေ၏။