အကြောင်းအရာသို့ ကျော်သွားရန်

Virgin အကြောင်း ကျမ်းစာအခန်းငယ်များ: Mourn in the temple

2 အခန်းငယ် · 10 ရှုထောင့်

"Virgin" ကို ရှာဖွေရန်

Mourn in the temple အကြောင်း အခန်းငယ်များ

  1. အဘယ်သူမျှပွဲသဘင်သို့ မလာသောကြောင့်၊ ဇိအုန်လမ်းတို့သည် ညည်းတွားကြ၏။ သူ၏မြို့တံခါး ရှိသမျှတို့သည် လူဆိတ်ညံလျက်ရှိကြ၏။ သူ၏ယဇ်ပုရော ဟိတ်တို့သည်လည်း ညည်းတွားကြ၏။ သူ၏သမီးကညာ တို့သည်လည်း နာကြည်းသောစိတ်ရှိ၍၊ သူသည် ကိုယ်တိုင် ညှိုးငယ်လျက်နေရ၏။

  2. ဇိအုန်သတို့သမီး၏ အသက်ကြီးသူတို့သည် မြေမှုန့်ကိုမိမိတို့ ခေါင်းပေါ်မှာပစ်တင်လျက်၊ လျှော်တေ အဝတ်ကို ဝတ်စည်းလျက်၊ မြေပေါ်မှာထိုင်၍ တိတ်ဆိတ် စွာ နေကြ၏။ ယေရုရှလင်မြို့သူကညာတို့သည် ခေါင်း ကိုငိုက်ဆိုက်ညွှတ်လျက်နေကြ၏။