Uzzi အကြောင်း ကျမ်းစာအခန်းငယ်များ
အဓိက ကျမ်းစာအခန်းငယ်များ
ဖိနဟတ်သား အဘိရွှ၊ အဘိရွှသား ဗုက္ကိ၊
ဗုက္ကိသားဩဇိ၊ ဩဇိသား ဇေရဟိ၊ ဇေရဟိသား မေရာယုတ်၊
အဘိရွှသားဗုက္ကိ၊ ဗုက္ကိသား ဩဇိ၊ ဩဇိသား ဇေရဟိ၊
တောလသားကား တောလအဆွေအမျိုးသူကြီး ဩဇိ၊ ရေဖာယ၊ ယေရေလ၊ ယာမဲ၊ ယိဗသံ၊ ရှမွေလတည်း။ ထိုအဆွေအမျိုးအစဉ်အဆက်တို့သည် ခွန်အားကြီးသော သူရဲဖြစ်၍၊ ဒါဝိဒ်မင်းလက်ထက်နှစ်သောင်း နှစ်ထောင် ခြောက်ရာရှိသတည်း။
ဩဇိသားကား ဣဇရဟိ၊ ဣဇရဟိသား မက္ခေလ၊ ဩဗဒိ၊ ယောလ၊ ဣရှယ၊ ပေါင်းငါးယောက် တည်း။ ဤသူတို့သည် အကြီးအကဲ ဖြစ်ကြ၏။
ဗေလသားကား အဆွေအမျိုးသူကြီးဧဇဗုန်၊ ဩဇိ၊ ဩဇေလ၊ ယေရိမုတ်၊ ဣရိ၊ ပေါင်းငါးယောက်တည်း။ ဤသူတို့သည် ခွန်အားကြီးသော သူရဲဖြစ်၍၊ သားစဉ် မြေးဆက် စာရင်းဝင်သည်အတိုင်း၊ နှစ်သောင်း နှစ်ထောင်သုံးဆယ် လေးယောက်ရှိကြ၏။
ယေရောဟံသား ဣဗနိယ၊ မိခရိသားဖြစ်သော ဩဇိ၏သား ဧလာနှင့် ဣဗနိယ၊ ရွေလ၊ ရှေဖတိတို့မှ ဆင်းသက်သော မေရှုလံမှစ၍၊
ထိုနောက်၊ ပေရသိရှင်ဘုရင် အာတဇေရဇ် လက်ထက်၌၊ ယဇ်ပုရောဟိတ်အကြီးအာရုန်၊ ဧလာဇာ၊ ဖိနဟတ်၊ အဘိရွှ၊ ဗတ္တိ၊ ဩဇိ၊ ဇေရဟိ၊ စရာယတို့မှ ဆင်းသက်သောသူ၊
မိက္ခာ၊ မဿနိ၊ ဟာရှဘိ၊ ဗာနိတို့မှ ဆင်းသက် သော ဩဇိသည် ယေရုရှလင်မြို့၌နေသော လေဝိသားတို့ ကို အုပ်ရ၏။ အာသပ်အမျိုးသား သီချင်းသည်တို့သည် လည်း ဘုရားသခင်၏ အိမ်တော်အမှုကို ကြည့်ရှုစီရင် ရကြ၏။
ယောယရိပ်သား မတ္တေနဲ၊ ယေဒါယသားဩဇိ၊
မာသေယ၊ ရှေမာယ၊ ဧလာဇာ၊ ဩဇိ၊ ယောဟ နန်၊ မာလခိယ၊ ဧလံ၊ ဧဇာ တို့သည်ရှိကြ၏။ သီချင်းသည် တို့သည် ဆရာယေဇရာဟိနှင့်တကွ အသံကိုလွှင့်၍ ဆိုကြ၏။