Titles and Names of Christ အကြောင်း ကျမ်းစာအခန်းငယ်များ: Emmanuel
Emmanuel အကြောင်း အခန်းငယ်များ
ထိုကြောင့်၊ ထာဝရဘုရားသည် ကိုယ်တော်တိုင် နိမိတ်လက္ခဏာကို သင်တို့အားပေးတော်မူမည်။ ကြည့်ရှု လော့။ သတို့သမီးကညာသည် ပဋိသန္ဓေစွဲယူ၍၊ သား ယောက်ျားကို ဘွားမြင်လတံ့။ ထိုသားကို ဧမာနွေလ အမည်ဖြင့် မှည့်ရလတံ့။
ဗျာဒိတ်တော်အချက်ဟူမူကားကြည့်ရှုလော့။ သတို့သမီးကညာသည်ပဋိသန္ဓေစွဲယူ၍သားယောက်ျားကို ဘွားမြင်လတံ့။ ထိုသားကို ဧမာနွေလအမည်ဖြင့် မှည့်ရကြလတံ့ဟုလာသတည်း။ ဧမာနွေလအနက်ကား ငါတို့နှင့်အတူ ရှိတော်မူသောဘုရားသခင်ဟု ဆိုလိုသတည်း။