Titles and Names of Christ အကြောင်း ကျမ်းစာအခန်းငယ်များ: Branch
Branch အကြောင်း အခန်းငယ်များ
ထာဝရဘုရား မိန့်တော်မူသည်ကား၊ သန့်ရှင်း သော အညွန့်ကို ဒါဝိဒ်အဘို့ ငါပေါက်စေသည်အတိုင်း၊ ဉာဏ်ကောင်းသောရှင်ဘုရင်တဦးသည် စိုးစံ၍၊ မြေကြီး ပေါ်မှာ တရားသဖြင့် ဖြောင့်မတ်စွာ စီရင်ရာ ကာလ သည် ရောက်လိမ့်မည်။
အို ယဇ်ပုရောဟိတ်မင်းယောရှု၊ သင့်ရှေ့မှာနေ သော သင့်အပေါင်းအဘော်တို့နှင့်တကွ နားထောင် လော့။ သူတို့သည် နိမိတ်လက္ခဏာနှင့်ယှဉ်သော သူဖြစ် ကြ၏။ ငါ၏ကျွန်တည်းဟူသော အညွန့်ကို ငါပေါ်ထွန်း စေမည်။
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏ အမိန့်တော်ကို ထိုသူအား ဆင့်ဆိုရမည်မှာ၊ အညွန့်အမည် ရှိသော သူကို ကြည့်ရှုလော့။ မိမိဒေသအရပ်၌ ပေါက်၍ ထာဝရဘုရား၏ဗိမာန်တော်ကို တည်ဆောက်လိမ့်မည်။