အကြောင်းအရာသို့ ကျော်သွားရန်

Tithes အကြောင်း ကျမ်းစာအခန်းငယ်များ

58 အခန်းငယ် · 11 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. အာဗြဟံလှူသောလက်ရဥစ္စာရှိသမျှကို ဆယ်ဘို့တဘို့ခံယူသော ထိုရှာလင်မင်းကြီးတည်းဟူသော အမြင့် ဆုံးသော ဘုရားသခင်၏ ယဇ်ပုရောဟိတ် မေလခိဇေဒက်သည်၊ နာမရင်းအနက်အားဖြင့် တရားမင်း၊ ထိုမှ တပါး၊ ငြိမ်သက်ခြင်းမင်းဟုဆိုလိုသော ရှာလင်မင်း ဖြစ်လျက်၊

  2. အဘမရှိ၊ အမိမရှိ၊ ရှေးမျိုးစဉ်မရှိ၊ အသက် အပိုင်းအခြားမရှိဘဲ၊ ဘုရားသခင်၏ သားတော်နှင့် တူ၍၊ ယဇ်ပုရောဟိတ်အရာ၌ အစဉ်အမြဲတည်၏။

  3. အမျိုး၏အဘအာဗြဟံသည်၊ လက်ရဥစ္စာများကို ဆယ်ဘို့တဘို့လှူ၍ အလှူခံသောထိုမင်းသည် အဘယ်မျှ လောက်ကြီးမြတ်သည်ကို ဆင်ခြင်ကြလော့။

  4. ယဇ်ပုရောဟိတ်အရာကိုခံသော လေဝိသားတို့သည် အာဗြဟံအမျိုးဖြစ်သောသူတည်းဟူသော၊ မိမိတို့ ညီအစ်ကိုများလက်မှ ပညတ်တရားအတိုင်း ဆယ်ဘို့တဘို့ကို ခံရသော အခွင့်ရှိကြ၏။

  5. သူတို့ အမျိုးမဟုတ်သော ထိုမင်းမူကား၊ အာဗြဟံ၏ လက်မှ ဆယ်ဘို့တဘို့ကို ခံလေ၏။ ဂတိတော် တို့ကိုခံရသော သူကိုလည်း ကောင်းချီးပေးလေ၏။

  6. ကြီးသောသူသည် ငယ်သောသူကို ကောင်းကြီး ပေးတတ်သည်ကို ငြင်းခုံဘွယ်မရှိ။

  7. ထိုမှတပါး၊ သေတတ်သောသူတို့သည် ယခုအခါ ဆယ်ဘို့တဘို့ကို ခံလေ့ရှိ၏။ ထိုအခါမူကား အသက်ရှင် သည်ဟု သက်သေခံခြင်းကို ရသောသူသည် ဆယ်ဘို့တဘို့ကိုခံရ၏။

  8. ထိုမှတပါး၊ ဆယ်ဘို့တဘို့ကိုခံတတ်သော လေဝိသည် အာဗြဟံအားဖြင့် ဆယ်ဘို့တဘို့ကို ပေးပြီဟု ဆိုစရာ အခွင့်ရှိ၏။