အကြောင်းအရာသို့ ကျော်သွားရန်

The Tribe Of Reuben အကြောင်း ကျမ်းစာအခန်းငယ်များ: Offering of, at the dedication

6 အခန်းငယ် · 24 ရှုထောင့်

Offering of, at the dedication အကြောင်း အခန်းငယ်များ

  1. စတုတ္ထနေ့၌ ရုဗင်အမျိုးတွင်မင်းဖြစ်သော ရှေဒု ရသား ဧလိဇုရဆက်သော ပူဇော်သက္ကာဟူမူကား၊

  2. အကျပ်တော်အလိုက် တပိသာသုံးဆယ်အချိန် ရှိသော ငွေအင်တုံ၊ ခုနစ်ဆယ်အချိန်ရှိသော ငွေဖလား၊ ဘောဇဉ်ဇော်သက္ကာဘို့ ထိုအင်တုံ၊ ဖလား၌ ဆီနှင့်ရော၍ အပြည့်ထည့်သော မုန့်ညက်၊

  3. မီးရှို့ရာ နံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တဆယ် အချိန်ရှိသော ရွှေဇွန်း၊

  4. မီးရှို့ရာယဇ်ဘို့ အသက်ပျိုသော နွားထီး တကောင်၊ သိုးထီးတကောင်၊ အခါမလည်သော သိုး သငယ်တကောင်၊

  5. အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်တကောင်၊

  6. မိဿဟာယယဇ်ဘို့ နွားနှစ်ကောင်၊ သိုးငါး ကောင်၊ ဆိတ်ငါးကောင်၊ အခါမလည်သော သိုးသငယ် ငါးကောင်တို့ကို ရှေဒုရသားဧလိ ဇုရသည်ပူဇော်လေ၏။