Skip to content

The Scape Goat အကြောင်း ကျမ်းစာအခန်းငယ်များ

10 အခန်းငယ် · 7 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

  1. အပြစ်ဖြေရာယဇ်ဘို့ ဆိတ်သငယ်နှစ်ကောင်၊ မီးရှို့ရာယဇ်ဘို့ သိုးတကောင်ကို၊ ဣသရေလအမျိုးသား ပရိသတ် လက်မှခံယူရမည်။

  2. ဆိတ်နှစ်ကောင်ကိုလည်းယူ၍ ပရိသတ်စည်းဝေးရာ တဲတော်တံခါးနား၊ ထာဝရဘုရား ရှေ့တော်၌ ဆက်ရမည်။

  3. အာရုန်သည် ထိုဆိတ်နှစ်ကောင်ကို ထာဝရဘုရားအဘို့ စာရေးတံတတံ၊ လွတ်လပ်လဟာအဘို့ တတံ၊ စာရေးတံနှစ်တံချ၍၊

  4. အာရုန်သည် အသက်ရှင်သော ဆိတ်ခေါင်းပေါ်မှာ လက်နှစ်ဘက်ကို တင်လျက်၊ ဣသရေလအမျိုး သားတို့၏ ဒုစရိုက်မှစ၍ ပြစ်မှားသောအပြစ် အမျိုးမျိုးရှိသမျှတို့ကို ဘော်ပြ၍၊ ဆိတ်ခေါင်းပေါ်မှာ တင်ထားပြီးလျှင်၊ တော်လျော်သော လူတွင် တောသို့ စေလွှတ်ရမည်။

  5. သူတို့အပြစ်ရှိသမျှကို၊ လူမနေသော အရပ်သို့ ဆောင်သွားသော ထိုဆိတ်ကို တော၌ လွှတ်လိုက်ရမည်။

  6. သန့်ရှင်းရာ ဌာန၌ ကိုယ်ကို ရေချိုး၍၊ မိမိအဝတ်ကို ဝတ်ပြီးမှ တဖန်ထွက်လာ၍၊ မိမိမီးရှို့ရာယဇ်၊ လူများမီးရှို့ရာယဇ်ကို ပူဇော်သဖြင့်၊ မိမိအဘို့နှင့် လူများအဘို့ အပြစ်ဖြေခြင်းကို ပြုရမည်။

  7. လွတ်လပ်လဟာသို့ ဆိတ်ကို လွှတ်လိုက်သောသူသည်လည်း မိမိအဝတ်ကို လျှော်၍ ကိုယ်ကို ရေချိုး ရမည်။ ထိုနောက်မှ တပ်ထဲသို့ ဝင်ရမည်။

  8. ငါတို့ရှိသမျှသည် သိုးကဲ့သို့ လမ်းလွဲလျက်၊ ကိုယ်လမ်းသို့အသီးအသီး လိုက်သွားကြသည်ဖြစ်၍၊ ထာဝရဘုရားသည် ခပ်သိမ်းသော ငါတို့၏အပြစ်များကို သူ့အပေါ်၌ တင်တော်မူ၏။

  9. မိမိစိတ်ဝိညာဉ်ခံရသော ဝေဒနာ၏အကျိုးကို မိမိမြင်၍ အားရလိမ့်မည်။ ထိုဖြောင့်မတ်သော ငါ၏ကျွန် ကို သိကျွမ်းခြင်းအားဖြင့်၊ သူသည် အများသော သူတို့ကို ဖြောင့်မတ်ရာ၌ တည်စေလိမ့်မည်။ သူတို့၏အပြစ်ကို ကိုယ်တိုင်ဆောင်ရွက်ရ၏။

  10. ထိုသို့ မိမိအသက်ကို သေခြင်း၌ သွန်း၍၊ မတရားသော သူတို့နှင့် ရေတွက်ဝင်ခြင်းသို့ ရောက်သ ဖြင့်၊ လူများတို့၏အပြစ်ကို ဆောင်ရွက်၍၊ မတရားသော သူတို့အဘို့ တောင်းပန်သောကြောင့်၊ လူကြီးတို့ကို သူ၏ အဘို့ဖြစ်စေခြင်းငှါ ငါခွဲမည်။ အစွမ်းသတ္တိရှိသော သူတို့ ကို သူ၏လက်ရဥစ္စာကဲ့သို့၊ ကိုယ်တိုင်ဝေဖန်ရသော အခွင့် ရှိလိမ့်မည်။