The, is God Holy Spirit အကြောင်း ကျမ်းစာအခန်းငယ်များ: Being invoked as Jehovah
Being invoked as Jehovah အကြောင်း အခန်းငယ်များ
သူသည်ထာဝရဘုရား၏ ခရစ်တော်ကိုမမြင်မှီ သေရဟုဗျာဒိတ်တော်ကိုရ၏။
ထိုအခါသူသည် ဝိညာဉ်တော်အားဖြင့် ဗိမာန်တော်သို့သွား၍၊ မိဘတို့သည် သူငယ်ယေရှုကို ပညတ် တရားထုံးတမ်းအတိုင်းပြုခြင်းငှါ ဆောင်သွားစဉ်တွင်၊
ရှုမောင်သည်ယေရှုကို လက်နှင့်ချီပိုက်၍၊
ဘုရားသခင်၏ကျေးဇူးတော်ကို ချီးမွမ်းလျက်၊ အစိုးရတော်မူသောအရှင်၊ ဗျာဒိတ်တော်အတိုင်း ကိုယ် တော်၏ကျွန်သည် ငြိမ်ဝပ်စွာ စုတေ့ရသောအခွင့်ကို ကိုယ်တော်သည် ယခုတွင်ပေးတော်မူ၏။
တမန်တော်တို့သည် လွတ်သောအခါ၊ မိမိတို့ အပေါင်းအသင်း ရှိရာသို့သွား၍၊ မိမိတို့အား ယဇ်ပုရောဟိတ် အကြီးတို့နှင့် လူအကြီးအကဲတို့ ပြောဆိုသမျှကို ပြန်ကြားကြ၏။
ထိုသူများတို့သည်ကြားရလျှင်၊ တညီတညွတ် တည်း ဘုရားသခင့် ထံသို့အသံကိုလွှင့်လျက်၊ အစိုးရတော် မူသေအရှင်၊ ကိုယ်တော်သည် ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာမှစ၍ ထိုအရပ်တို့၌ ရှိသမျှတို့ကို ဖန်ဆင်းတော်မူသော ဘုရားသခင်ဖြစ်တော်မူ၏။
ကိုယ်တော်ကလည်း၊ လူမျိုးတို့သည် အဘယ် ကြောင့် ရုန်းရင်းခတ် ပြုကြသနည်း။ လူစုတို့သည် အဘယ်ကြောင့် အချည်းနှီး ကြံစည်ကြသနည်း။