The, is God Holy Spirit အကြောင်း ကျမ်းစာအခန်းငယ်များ: As omnipresent
As omnipresent အကြောင်း အခန်းငယ်များ
ဝိညာဉ်တော်နှင့်လွတ်ခြင်းအလိုငှါ အဘယ် အရပ်သို့ သွားနိုင်ပါမည်နည်း။ မျက်နှာတော်နှင့် လွတ်ခြင်းအလိုငှါ အဘယ်အရပ်သို့ ပြေးနိုင်ပါမည်နည်း။
ကောင်းကင်သို့တက်လျှင် ကိုယ်တော်ရှိတော်မူ ၏။ မရဏနိုင်ငံ၌ အိပ်ရာကိုခင်းလျှင် ကိုယ်တော်ရှိတော် မူ၏။
နံနက်အတောင်တို့ကိုယူ၍ သမုဒ္ဒရာစွန်း၌ နေလျှင်၊
ထိုအရပ်၌ပင် ကိုယ်တော်၏လက်သည် အကျွန်ုပ်ကို ပို့ဆောင်လျက်၊ လက်ျာလက်တော်သည် ကိုင်လျက်ရှိပါလိမ့်မည်။
အကယ်၍ မှောင်မိုက်သည်ငါ့ကိုဖုံးလွှမ်းမည်ဟု တဖန်ဆိုလျှင်၊ ညဉ့်သည်လည်း အကျွန်ုပ်ပတ်ဝန်းကျင်၌ အလင်းဖြစ်ပါလိမ့်မည်။
အကယ်စင်စစ်မှောင်မိုက်သည် ရှေ့တော်၌ အဘယ်အရာကိုမျှ မဖုံးနိုင်ပါ။ ညဉ့်သည် နေကဲ့သို့ လင်းပါ၏။ မှောင်မိုက်သဘောနှင့်အလင်းသဘောသည် တူပါ၏။
ကိုယ်တော်သည် အကျွန်ုပ်၏ ကျောက်ကပ်ကို ပင် ဖန်ဆင်း၍၊ အမိဝမ်းထဲမှာ အကျွန်ုပ်ကို ဖုံးအုပ်တော် မူပြီ။