Tact အကြောင်း ကျမ်းစာအခန်းငယ်များ: The town clerk of Ephesus
The town clerk of Ephesus အကြောင်း အခန်းငယ်များ
မြို့စာရေးသည် လူများကိုတိတ်စေပြီးလျှင်၊ ဧဖက်လူတို့၊ ဧဖက်မြို့သည် ဇုသဘုရားထံမှ ကျသော ရုပ်တုတော်တည်းဟူသော ကြီးမြတ်တော်မူသော အာတေမိကို လုပ်ကျွေးသောဘုရားကျွန်ဖြစ်သည် ကို မသိသော သူတစုံတယောက်ရှိသလော။
ဤအရာများတို့သည် ငြင်းခုံဘွယ်မရှိသည်ဖြစ် ၍၊ သင်တို့သည် တိတ်ဆိတ်စွာနေသင့်ကြ၏။
သတိနှင့်မဆင်ခြင်ဘဲ အဘယ်အမှုကိုမျှ မပြုသင့်ကြ၊ ဗိမာန်တော်ကိုလုယူဖျက်ဆီးခြင်းမရှိ၊ သင်တို့ ၏ ဘုရားကိုမကဲ့ရဲ့သော ဤလူတို့ကို သင်တို့သည် ဆောင်ယူခဲ့ကြပြီတကား။
ဒေမေတရိမှစ၍ သူနှင့်အတူရှိသော ပန်းထိမ်သမားတို့သည် တစုံတယောက်သောသူ၌ အမှုရှိလျှင် ရုံးတော်ရှိ၏။ မြို့ဝန်မင်းလည်းရှိ၏။ အမှုသည်ချင်း တရားတွေ့ကြစေ။
သို့မဟုတ်သင်တို့သည် အခြားအမှုကို အစီရင်ခံ လိုလျှင်၊ တရားသောအစည်းအဝေး၌စီရင်ရလိမ့်မည်။
ယနေ့ရုန်းရင်းခတ်ခြင်းကို ပြုသောကြောင့် အမှုရောက်မည်ဟု စိုးရိမ်စရာရှိ၏။ အကြောင်းမူကား၊ ဤမတရားသောစည်းဝေးခြင်း အကြောင်းကို ပြောစရာ တစုံတခုမျှ မရှိဟု၊
ဆိုပြီးလျှင် အစည်းအဝေးကိုဖျက်လေ၏။