Skip to content

Students အကြောင်း ကျမ်းစာအခန်းငယ်များ

8 အခန်းငယ် · 2 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

  1. ဒါဝိဒ်ကို ဘမ်းဆီးစေခြင်းငှါ စေလွှတ်ပြန်၏။ ပရာဖက် အပေါင်းအသင်းတို့သည် ပရောဖက်ပြုလျက်၊ ရှမွေလစီရင်လျက်နေသည်ကို တမန်တို့သည် တွေ့မြင်သောအခါ၊ ဘုရားသခင်၏ ဝိညာဉ်တော်သည် ရှောလု၏ တမန်တော်တို့အပေါ်မှာ သက်ရောက်၍၊ သူတို့သည်လည်း ပရောဖက်ပြုရကြ၏။

  2. ပရောဖက်အမျိုးသားတယောက်က၊ ငါ့ကို ရိုက်ပါလော့ဟု ထာဝရဘုရား၏ နှုတ်ကပတ်တော် အတိုင်း အိမ်နီးချင်းအားဆို၏။ ထိုသူက ငါမရိုက်ပါဟု ငြင်းပယ်၏။

  3. ဧလိယကလည်း၊ ဤအရပ်၌ နေရစ်ပါလော့။ ထာဝရဘုရားသည် ငါ့ကို ဗေသလမြို့သို့ စေလွှတ်တော်မူ သည်ဟု ဧလိရှဲအားဆိုလျှင်၊ ဧလိရှဲက ထာဝရဘုရားအသက်၊ ကိုယ်တော်အသက်ရှင်တော်မူသည်အတိုင်း၊ ကိုယ်တော်နှင့် အကျွန်ုပ်မကွာရပါဟု ပြန်ပြောလျက်၊ ထိုသူနှစ်ယောက်တို့ သည် ဗေသလမြို့သို့သွားကြ၏။

  4. ထိုမြို့၌ရှိသောပရောဖက်အမျိုးသားတို့သည် ဧလိရှဲကို ခရီးဦးကြိုပြုအံ့သောငှါထွက်လာ၍၊ ထာဝရ ဘုရားသည် ကိုယ်တော်သခင်ကို ကိုယ်တော်ခေါင်းမှ ယနေ့နှုတ်သွားတော်မူမည်ကို သိတော်မူသလောဟု မေးလျှင်၊ ဟုတ်ကဲ့ငါသိ၏။ တိတ်ဆိတ်စွာ နေကြပါဟုပြောဆို၏။

  5. ထိုမြို့၌ရှိသော ပရောဖက်အမျိုးသားတို့သည် ဧလိရှဲထံသို့လာ၍ ထာဝရဘုရားသည် ကိုယ်တော်သခင် ကို ကိုယ်တော်ခေါင်းမှ၊ ယနေ့နှုတ်သွားတော်မူမည်ကို သိတော်မူသလောဟုမေးလျှင်၊ ဟုတ်ကဲ့ငါသိ၏။ တိတ်ဆိတ်စွာ နေကြပါဟု ပြောဆို၏။

  6. ပရောဖက်အမျိုးသားငါးကျိပ်တို့သည် အဝေးကကြည့်ရှုခြင်းငှါ သွား၍ရပ်နေကြ၏။ ထိုသူနှစ်ယောက်တို့ သည် ယော်ဒန်မြစ်နားမှာ ရပ်နေကြ၏။

  7. ယေရိခေါမြို့မှာ ကြည့်ရှုသော ပရောဖက် အမျိုးသားတို့သည် ဧလိရှဲကို မြင်လျှင်၊ ဧလိယ၏ ဝိညာဉ် သည် ဧလိရှဲအပေါ်မှာ ကျိန်းဝပ်သည်ဟုဆိုလျက် ခရီးဦးကြိုပြုအံ့သောငှါသွား၍ သူ့ရှေ့၌ မြေပေါ်မှာ ပြပ်ဝပ်ကြ၏။

  8. ပရောဖက်အမျိုးသား၏ မယားတယောက် သည် ဧလိရှဲထံသို့လာ၍၊ ကိုယ်တော်ကျွန်၊ ကျွန်မ၏ ခင်ပွန်းသေပါပြီ၊ ကိုယ်တော်ကျွန်သည် ထာဝရဘုရားကို ရိုသေသောသူဖြစ်သည်ကို ကိုယ်တော်သိတော်မူ၏။ ယခုမှာ ကြွေးရှင်သည် ကျွန်မ၏သားနှစ်ယောက်ကို ကျွန်ခံစေခြင်းငှါ လာပါပြီဟု ကြွေးကြော်လေ၏။