Stephen အကြောင်း ကျမ်းစာအခန်းငယ်များ: False charges against
False charges against အကြောင်း အခန်းငယ်များ
ထိုအခါဤသူသည် မောရှေကို၎င်း၊ ဘုရား သခင်ကို၎င်း လွန်ကျူး၍ ပြောသည်ကို ငါတို့ကြားရပါ ပြီဟု သက်သေခံမည့်သူတို့ကို တိတ်ဆိတ်စွာခေါ်၍ ထားကြပြီးလျှင်၊
လူများကို၎င်း၊ အကြီးအကဲ၊ ကျမ်းပြုဆရာ တို့ကို၎င်း နှိုးဆော်၍၊ သတေဖန်ထံသို့လာသဖြင့် ဘမ်းဆီး၍ လွှတ်တော်သို့ပို့ကြ၏။
မမှန်သော သက်သေခံတို့ကိုခေါ်၍၊ ဤသူသည် သန့်ရှင်းသော အရပ်ဌာနတော်နှင့် ပညတ်တရားတော်ကို လွန်ကျူး၍ အစဉ်မပြတ် ပြောဆိုလျက်နေပါ၏။
ထိုနာဇရက်မြို့သား ယေရှုသည် ဤအရပ်ဌာန တော်ကို ဖျက်ဆီး၍၊ ငါတို့အား မောရှေအပ်ပေးသော ထုံးနည်းဥပဒေကို ပြောင်းလဲစေမည်ဟု ဤသူဆိုသည်ကို အကျွန်ုပ်တို့သည် ကြားရပါပြီဟု သက်သေခံကြ၏။
လွှတ်တော်၌ ထိုင်လျက်ရှိသောသူ အပေါင်း တို့သည် သတေဖန် ကိုစေ့စေ့ကြည့်ရှုလျှင်၊ သူ၏မျက်နှာ သည် ကောင်းကင်တမန်၏မျက်နှာ ကဲ့သို့ဖြစ်သည်ဟု ထင်မှတ်ကြ၏။