Steadfastness အကြောင်း ကျမ်းစာအခန်းငယ်များ: In keeping the faith
In keeping the faith အကြောင်း အခန်းငယ်များ
ငါသည် ကိုယ်ခန္ဓာအားဖြင့် သင်တို့နှင့် ကွာ၍ နေသော်လည်း၊ စိတ်ဝိညာဉ်အားဖြင့် သင်တို့နှင့်အတူ ရှိသည်ဖြစ်၍၊ သင်တို့သည် လျောက်ပတ်စွာ စီရင်ပြုပြင်တတ်သည်ကို၎င်း၊ ခရစ်တော်၌ ခိုင်ခံ့စွာ ယုံကြည်သည် ကို၎င်း မြင်လျှင် ဝမ်းမြောက်ခြင်းရှိ၏။
သို့ဖြစ်၍၊ လူပြည်အရပ်ရပ်တို့၌ရှိသော သင်တို့ ညီအစ်ကိုများတို့သည် ထိုသို့သောဆင်းရဲကို ခံရကြသည်ဟုသိမှတ်လျက်၊ ယုံကြည်ခြင်း၌တည်၍မာရ်နတ်ကို ဆီးတားကြလော့။