Steadfastness အကြောင်း ကျမ်းစာအခန်းငယ်များ: Exhorted to
Exhorted to အကြောင်း အခန်းငယ်များ
ငါ့ထံ၌ကြားရပြီးသော၊ စင်ကြယ်သောတရား စကားအချုပ်အခြာကို၊ ယေရှုခရစ်၌ ယုံကြည်ခြင်း၊ ချစ်ခြင်းနှင့်တကွ စွဲလမ်းလော့။
သင်၌အပ်ထားသော အရာမြတ်ကို ငါတို့၌ ကျိန်းဝပ်တော်မူသော သန့်ရှင်းသော ဝိညာဉ်တော်အား ဖြင့် စောင့်ရှောက်လော့။
စင်ကြယ်သော ဩဝါဒအားဖြင့် တိုက်တွန်းသွေးဆောင်ခြင်းငှါ၎င်း၊ ငြင်းခုံသောသူတို့၏ စကားကို ချေခြင်းငှါ၎င်း တတ်နိုင်မည်အကြောင်း၊ ကိုယ်တိုင်သင်ပြီးသောသစ္စာစကားတော်ကို အမြဲစွဲလမ်းသောသူ ဖြစ်ရမည်။