Skip to content

Skin အကြောင်း ကျမ်းစာအခန်းငယ်များ

9 အခန်းငယ် · 2 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

  1. ထာဝရအရှင် ဘုရားသခင်သည်လည်း လူလင် မယားတို့ သားရေဖြင့် ပတ်လုံကိုလုပ်၍ ဝတ်ခြုံစေတော် မူ၏။

  2. အနီဆိုးသောသိုးရေ၊ တဟာရှသားရေ၊ အကာရှသစ်သား။

  3. ထိုအရာတို့ကို၊ နီသောအထည်နှင့် အုပ်ရမည်။ တဖန် တဟာရှသားရေနှင့် အုပ်ပြန်၍ ထမ်းဘိုးတို့ကို လျှိုထားရမည်။

  4. မီးထွန်းရာ မီးခုံ၊ မီးခွက်၊ မီးညှပ်၊ မီးညှပ်ခံရာ ခွက်၊ ဆီအိုး အစရှိသည်တို့ကို ပြာသောအထည်နှင့် အုပ်ပြီးမှ၊

  5. ထိုတန်ဆာရှိသမျှတို့ကို၊ တဟာရှသားရေအိတ် ထဲ၌ သွင်းထား၍၊ ထမ်းဘိုးကို တပ်ရမည်။

  6. ရွှေယဇ်ပလ္လင်ပေါ်မှာ ပြာသောအထည်ကို ခင်း၍၊ တဟာရှသားရေနှင့်အုပ်ပြီးလျှင်၊ ထမ်းဘိုးတို့ကို လျှိုထားရမည်။

  7. သန့်ရှင်းရာဌာန၌ အမှုတော်ကို ဆောင်ရွက်ရန် တန်ဆာရှိသမျှတို့ကို ပြာသောအထည်အိတ်ထဲ၌ သွင်းထား၍၊ တဟာရှသားရေဖြင့် အုပ်ပြီးမှ ထမ်းဘိုးကို တပ်ရမည်။

  8. ယဇ်ပလ္လင်မှ ပြာကိုပယ်ရှင်း၍ ပလ္လင်ပေါ်မှာ မောင်းသောအထည်ကို ခင်းပြီးလျှင်၊

  9. ထိုပလ္လင်နှင့်ဆိုင်သော အမှုတော်ထမ်းရန် တန်ဆာတည်းဟူသော လင်ပန်း၊ အမဲသားချိတ်၊ တူးရွင်း ပြား၊ အင်တုံ အစရှိသော ယဇ်ပလ္လင်တန်ဆာရှိသမျှတို့ကို တင်၍၊ တဟာရှသားရေနှင့် အုပ်ပြီးမှ ထမ်းဘိုးတို့ကို လျှိုထားရမည်။