Silas အကြောင်း ကျမ်းစာအခန်းငယ်များ: Becomes Paul's companion
Becomes Paul's companion အကြောင်း အခန်းငယ်များ
ညီအစ်ကိုတို့သည် ပေါလုကိုဘုရားသခင်၏ ကျေးဇူးတော်သို့ အပ်နှံကြသဖြင့်၊ သူသည်သိလကို ရွေးချယ်ပြီးလျှင်ထွက်၍၊
အသင်းတော်များကို မြဲမြံခိုင်ခံ့စေလျက်၊ ရှုရိပြည်၊ ကိလိကိပြည် တို့ကို ရှောက်သွားလေ၏။
ငါမှစ၍သိလွာနုနှင့် တိမောသေတို့သည် သင်တို့အားဟောပြောသော ဘုရားသခင်၏သားတော် ယေရှုခရစ်သည် ဟုတ်မှန်၏ ဟူ၍၎င်း၊ မဟုတ်မမှန်ဟူ ၍၎င်းမဆိုလိုဘဲ၊ ကိုယ်တော်မှာ ဟုတ်မှန်၏ ဟူ၍ သာဆိုလိုသတည်း။
ပေါလု၊ သိလွာနု၊ တိမောသေတို့သည် ခမည်းတော်ဘုရားနှင့် သခင်ယေရှုခရစ်၌ တည်ရှိသော သက်သာလောနိတ်မြို့သား အသင်းတော်ကို ကြားလိုက်ပါ၏။ သခင်ယေရှုခရစ်နှင့် ငါတို့အဘတည်းဟူသော ဘုရားသခင့်အထံတော်က ကျေးဇူးတော်နှင့် ငြိမ်သက်ခြင်းသည် သင်တို့၌ ရှိပါစေသော။
ပေါလု၊ သိလွာနု၊ တိမောသေတို့သည်၊ သင်တို့အဘတည်းဟူသော ဘုရားသခင်နှင့် သခင်ယေရှု ခရစ်၌ တည်ရှိသော သက်သာလောနိတ်မြို့သားအသင်းတော်ကို ကြားလိုက်ပါ၏။