Skip to content

Self-Will အကြောင်း ကျမ်းစာအခန်းငယ်များ

10 အခန်းငယ် · 6 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

  1. မြို့သားယောက်ျားအပေါင်းတို့သည် ထိုသားကို ကျောက်ခဲနှင့်ပစ်၍ အသေသတ်ရကြမည်။ ထိုသို့ သင်တို့ တွင် ဒုစရိုက်အပြစ်ကို ပယ်ရှားသဖြင့်၊ ဣသရေလအမျိုး သားအပေါင်းတို့သည် ထိုသိတင်းကို ကြား၍ ကြောက်ရွံ့ ခြင်း ရှိကြလိမ့်မည်။

  2. တရားသူကြီး သေသောနောက်၊ သူတို့သည် တဖန်ဘိုးဘေးထက်သာ၍ ဆိုးသဖြင့်၊ အခြားတပါးသော ဘုရားတို့နောက်သို့ လိုက်လျက် ဝတ်ပြု၍ ဦးညွှတ်ကြ၏။ မိမိတို့ အကျင့်ဓလေ့နှင့် ကြမ်းတမ်းသော လမ်းကို မစွန့်မပယ်ကြ။

  3. သင်တို့အဘများကဲ့သို့ ခိုင်မာသောသဘော မရှိကြနှင့်။ ထာဝရဘုရား၌ ကိုယ်ကိုအပ်နှံကြလော့။ အစဉ်သန့်ရှင်းစေတော်မူသော သန့်ရှင်းရာဌာနတော်သို့ လာကြလော့။ ပြင်းစွာသော အမျက်တော်သည် သင်တို့မှ လွှဲသွားမည်အကြောင်း၊ သင်တို့၏ဘုရားသခင် ထာဝရ ဘုရား၏အမှုတော်ကို စောင့်ကြလော့။

  4. သူသည်သင့်ထံသို့ မချဉ်းကပ်သောကြောင့်၊ ပစပ်ကို ဇက်ခွံ့၍၊ ဇက်ကြိုးနှင့်ဆွဲရမည်။

  5. သင်တို့၏ ဦးချိုကို မချီးမြှောက်ကြနှင့်။ လည် ပင်းခိုင်မာလျက် မပြောကြနှင့်ဟု မတရားသောသူတို့ အား၎င်း ငါပြောထား၏။

  6. ထိုမိန်းမသည် ကျယ်သောအသံနှင့် ခိုင်မာသော စိတ်သဘောရှိ၏။ ကိုယ်အိမ်၌မနေ၊ လည်တတ်၏။

  7. အထပ်ထပ်ဆုံးမခြင်းကို ခံသော်လည်း၊ မိမိ လည်ပင်းကို ခိုင်မာစေသောသူသည် ကိုးကွယ်ရာမရ၊ ရုတ်တရက် ပျက်စီးလိမ့်မည်။

  8. သင်သည် ခိုင်မာသော သဘော၊ သံချောင်း လည်ပင်း၊ ကြေးဝါနဖူးနှင့် ပြည့်စုံသည်ကို ငါသိသော ကြောင့်၊

  9. ဧဖရိမ်က၊ ကိုယ်တော်သည် အကျွန်ုပ်ကို ဆုံးမ တော်မူပြီ။ အကျွန်ုပ်သည် ရိုင်းသောနွားလားကဲ့သို့ ဆုံးမခြင်းကို ခံရပါပြီ။ အကျွန်ုပ် ကိုသွေးဆောင်တော် မူပါ။ သို့ပြုလျှင်၊ အကျွန်ုပ်သည် ပြန်လာပါမည်။ အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏ ဘုရား သခင်ဖြစ်တော်မူ၏။

  10. မတရားသောသူတို့ကို ဒဏ်ခံစေမည် အ ကြောင်း၊ ညစ်ညူးသော တပ်မက်ခြင်း ကိလေသာနှင့် တကွ၊ ကာမဂုဏ် အလိုသို့လိုက်၍၊ အာဏာစက်ကို မထီမဲ့မြင်ပြုသော သူတို့ကို အထူး သဖြင့်ဒဏ်ခံစေမည် အကြောင်း၊ တရားဆုံးဖြတ်သောနေ့အဘို့ ချုပ်ထား ခြင်းငှါ၎င်း၊ ထာဝရ ဘုရားသည် တတ်နိုင်တော်မူ၏။ ထိုသူတို့သည် ရဲရင့် သောသူ၊ ကိုယ် အလိုသို့ လိုက်တတ် သော သူဖြစ်၍၊ ဘုန်းတန်ခိုးကြီးသောသူတို့ကို ကဲ့ရဲ့ဝံ့ကြ ၏။