Rocks အကြောင်း ကျမ်းစာအခန်းငယ်များ: Christ as a stumbling stone to the wicked
Christ as a stumbling stone to the wicked အကြောင်း အခန်းငယ်များ
ထိုသို့ပြုလျှင်၊ ထိုဘုရားသည် သင်တို့ခိုလှုံရာ ဖြစ်တော်မူလိမ့်မည်။ သို့ရာတွင် ဣသရေလလူနှစ်မျိုးတို့ ထိမိ၍လဲစရာကျောက်၊ မှားယွင်းစရာကျောက်၊ ယေရု ရှလင်မြို့သားတို့၌ ကျော့ကွင်းနှင့် ထောင်ချောက် ဖြစ်တော်မူလိမ့်မည်။
ကျမ်းစာ၌လာသည်ကား၊ ထိမိ၍ လဲစရာ ကျောက်၊ မှားယွင်းစရာကျောက်ကို ဇိအုန်တောင်ပေါ်မှာ ငါချထား၏။ ထိုကျောက်ကို အမှီပြုသောသူ မည်သည်ကား၊ ရှက်ကြောက်ခြင်းမရှိ နိုင်ရာဟုလာသည်နှင့်မညီ၊ ထိုကျောက်ကို ဣသရေလလူတို့သည် ထိမိ၍ လဲကြ၏။
နားမထောင်ဘဲ နှုတ်ကပတ်တရားတော်ကို ထိမိ၍ လဲသောသူတို့သည် ထိမိ၍ လဲစရာကျောက်၊ မှားယွင်းစရာကျောက်လည်းဖြစ်၏။ ထိုအမှုနှင့် တွေ့စေခြင်းငှါ ထိုသူတို့ကို ခန့်ထားတော်မူသတည်း။