Skip to content

Robbers အကြောင်း ကျမ်းစာအခန်းငယ်များ

9 အခန်းငယ် · 3 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

  1. သူတို့က ငါတို့နှင့်အတူလိုက်တော့။ သူ့အသက် ကိုသတ်အံ့သောငှါ စောင့်ကြစို့။ အချည်းနှီးအပြစ်လွတ် သော သူတို့ကို ချောင်းမြောင်းကြစို့။

  2. သင်္ချိုင်းတွင်းသို့ဆင်းသော သူတို့ကဲ့သို့ တကိုယ်လုံးပါလျက်၊ အသက်ရှင်လျက်ရှိသော ထိုသူတို့ကို မရဏာ နိုင်ငံမျိုသကဲ့သို့ မျိုကြစို့။

  3. အဘိုးထိုက်သော ဘဏ္ဍာအမျိုးမျိုးကိုတွေ့၍ လုယူသောဥစ္စာနှင့် ငါတို့အိမ်ကိုပြည့်စေကြမည်။

  4. ငါတို့နှင့် ပေါင်းဘော်တော့။ ရသောဥစ္စာကို အညီအမျှ ပိုင်ကြစို့ဟုဆိုသော်လည်း၊

  5. ငါ့သား၊ သူတို့နှင့်အတူ မလိုက်နှင့်။ သူတို့သွားသောလမ်းကို ရှောင်လော့။

  6. အကြောင်းမူကား၊ သူတို့ခြေသည် ဒုစရိုက်ပြုရာ သို့ပြေး၍၊ လူအသက်ကို သတ်ခြင်းငှါ လျင်မြန်၏။

  7. ငါ၏နာမဖြင့် သမုတ်သော ဤအိမ်တော်ကို၊ သင်တို့သည် ထားပြတွင်းကဲ့သို့ ထင်ကြသလော။ ဤအမှု ကို ငါ့ကိုယ်တိုင် မြင်ပြီဟု ထာဝရဘုရား မိန့်တော်မူ၏။

  8. ထားပြအလုံးအရင်းသည် ခရီးသွားသော သူကို ချောင်း၍ ကြည့်သကဲ့သို့၊ ယဇ်ပုရောဟိတ် အပေါင်း အသင်းသည် ရှေခင်မြို့သို့သွားသော လမ်း၌ပင် အသက် ကို သတ်တတ်ကြ၏။

  9. ဣသရေလ၏အနာကို ပျောက်စေခြင်းငှါ ငါပြု သောအခါ၊ ဧဖရိမ်၏အပြစ်နှင့် ရှာမာရိပြုသော အဓမ္မ အမှုသည် ထင်ရှားပြန်၏။ သူတို့သည် သစ္စာပျက်ကြပြီ။ အထဲသို့ သူခိုးဝင်တတ်၏။ ပြင်၌လည်း ထားပြအလုံး အရင်းတို့သည် တိုက်တတ်ကြ၏။