Purification အကြောင်း ကျမ်းစာအခန်းငယ်များ: Washing in water, parts of animal sacrifices
Washing in water, parts of animal sacrifices အကြောင်း အခန်းငယ်များ
ခြေထောက်နှင့် အအူအစရှိသည်တို့ကို ရေနှင့်အရင်ဆေးရမည်။ ယဇ်ပုရောဟိတ်သည်၊ ထိုယဇ်တ ကောင်လုံးကို ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။ မီးရှို့ရာယဇ် ဖြစ်သတည်း။ ထာဝရဘုရားအား မီးဖြင့် ဆက်ကပ်၍ မွှေးကြိုင်သော ပူဇော်သက္ကာ ဖြစ်သတည်း။
ခြေထောက်နှင့် အအူအစရှိသည်တို့ကို ရေနှင့်အရင် ဆေးရမည်။ ယဇ်ပုရောဟိတ်သည် တကောင် လုံးကို ဆောင်ခဲ့၍၊ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရမည်။ မီးရှို့သော ယဇ်ဖြစ်သတည်း။ ထာဝရဘုရားအား မီးဖြင့်ဆက်ကပ်၍ မွှေးကြိုင်သော ပူဇော်သက္ကာဖြစ်သတည်း။
ဝမ်းထဲ၌ ရှိသောအရာများနှင့် ခြေတို့ကို ဆေးကြော၍ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့ရာယဇ်နှင့် အတူ ရှို့လေ၏။
မီးရှို့ရာယဇ်နှင့်ဆိုင်သော အရာတို့ကို ဆေးစရာ ဘို့အင်တုံဆယ်လုံးကိုလည်း လုပ်၍၊ လက်ျာဘက်၌ အင်တုံငါးလုံး၊ လက်ဝဲဘက်၌ ငါးလုံးကို ထားလေ၏။ ရေကန်မူကား ယဇ်ပုရောဟိတ်ရေချိုးစရာဘို့ ဖြစ်သ တည်း။