Privileges of Saints အကြောင်း ကျမ်းစာအခန်းငယ်များ: Salvation
Salvation အကြောင်း အခန်းငယ်များ
ထာဝရဘုရားသည် ငါ၏ကျောက်၊ ငါ၏မြို့ရိုး၊ ငါ့ကိုကယ်လွှတ်သောသခင်၊ ငါ၏ဘုရား၊ ငါကိုးစားသော အစွမ်းသတ္တိ၊ ငါ၏ အကွယ်အကာ၊ ငါ့ကိုကယ်တင်သော ဦးချို၊ ငါ၏ရဲတိုက်ဖြစ်တော်မူ၏။
ထာဝရဘုရားသည် ငါ၏အလင်း၊ ငါ့ကို ကယ်တင်သော အရှင်ဖြစ်တော်မူ၏။ ငါသည် အဘယ် သူကို ကြောက်ရအံ့နည်း။ ထာဝရဘုရားသည် ငါ့၏ အသက်ခိုလှုံရာဖြစ်တော်မူ၏။ ငါသည် အဘယ်သူကိုမျှ ကြောက်လန့်ရအံ့နည်း။
ဘုရားသခင်သည် ငါ့ကို ကယ်တင်သော အရှင် ဖြစ်တော်မူ၏။ ကြောက်လန့်သော စိတ်မရှိဘဲ ရဲရင့်မည်။ ထာဝရဘုရားသည် ငါချီးမွမ်းရာ၊ ငါသီချင်းဆိုရာ၊ ငါ့ကို ကယ်တင်တော်မူသော အရှင်ဖြစ်တော်မူ၏။