Priest အကြောင်း ကျမ်းစာအခန်းငယ်များ: Polluted by marrying idolatrous wives
Polluted by marrying idolatrous wives အကြောင်း အခန်းငယ်များ
ထိုအမှုပြီးမှ၊ အကြီးအကဲတို့သည် ငါ့ထံသို့ လာ၍ ယဇ်ပုရောဟိတ်၊ လေဝိသားအစရှိသော ဣသရေလ အမျိုးသားတို့သည် ဤပြည်သားရင်းတို့နှင့် ပေါင်းဘော် သဖြင့်၊ ခါနာနိလူ၊ ဟိတ္တိလူ၊ ဖေရဇိလူ၊ ယေဗုသိလူ၊ အမ္မုန်လူ၊ မောဘလူ၊ အဲဂုတ္တုလူ၊ အာမောရိလူတို့ ရွံရှာ ဘွယ်သော အကျင့်ကို ကျင့်ကြပါ၏။
အကြောင်းမူကား၊ သူတို့သမီးများကို ကိုယ်ဘို့၎င်း၊ ကိုယ်သားဘို့၎င်း၊ သိမ်းယူသဖြင့်၊ သန့်ရှင်းသော အမျိုး သည် ဤပြည်သားရင်းအမျိုးနှင့် ရောနှောလျက်ရှိ၍၊ အကြီးအကဲနှင့် မင်းအရာရှိတို့သည်၊ ဤဒုစရိုက် အမှုကို အဦးပြုကြပြီတကားဟု ကြားပြောကြ၏။
ဧဇရသည်ထ၍ ယဇ်ပုရောဟိတ်အကြီး၊ လေဝိ သား၊ ဣသရေလအမျိုးသားအပေါင်းတို့သည် ထိုစကား အတိုင်း ပြုရမည်အကြောင်း သူတို့အား အကျိန်ပေး၍ သူတို့သည် ကျိန်ဆိုကြ၏။
တပါးအမျိုးသားမိန်းမနှင့် စုံဘက်သော ယဇ် ပုရောဟိတ်အမျိုးသားဟူမူကား၊ ယောရှုအမျိုး ယောဇ ဒက်သားနှင့် သူ၏ညီ မာသေယ၊ ဧလျေဇာ၊ ယာရိပ်၊ ဂေဒလိတည်း။
သူတို့သည် မယားနှင့်ကွာမည်ဟု ဂတိထားကြ ၏။ ပြုမိသော အပြစ်ကြောင့် သိုးကိုယဇ်ပူဇော်ကြ၏။
ကြွင်းသောသူ၊ ယဇ်ပုရောဟိတ်၊ လေဝိသား၊ တံခါးစောင့်၊ သီချင်းသည်၊ ဘုရားကျွန် အစရှိသော ဘုရားသခင်၏ တရားကိုစောင့်အံ့သောငှါ၊ ထိုပြည်သား တို့နှင့်ကွာသော သူအပေါင်းတို့သည် မယားသားသမီး တို့နှင့်တကွ အကျိုးအကြောင်းကို နားလည်သောသူဖြစ်၍၊