အကြောင်းအရာသို့ ကျော်သွားရန်

Preciousness of Christ အကြောင်း ကျမ်းစာအခန်းငယ်များ

29 အခန်းငယ် · 13 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. လူတို့ပယ်ထား၍ ဘုရားသခင်ရွေးချယ်တော်မူသော အသက်ကျောက်မြက်တည်းဟူသော ထိုသခင် ထံသို့သင်တို့သည်ရောက်၍၊

  2. ထိုသို့နှင့်အညီကျမ်းစာလာသည်ကား၊ ရွေးချယ်သော တိုက်ထောင့်အမြစ်ကျောက်မြက်ကို ဇိအုန် တောင်ပေါ်မှာ ငါချိတ်ထား၏။ ထိုကျောက်ကို အမှီပြုသောသူသည် ရှက်ကြောက်ခြင်းမရှိနိုင်ရာဟု လာသတည်း။

  3. သို့ဖြစ်၍ ယုံကြည်ခြင်းရှိသော သင်တို့၌ကားဘုန်းအသရေရှိ၏။ နားမထောင်သောသူတို့၌ကား၊ တိုက်ကိုတည်လုပ်သောသူများ ပယ်ထားသော ကျောက်သည် နောက်တဖန်တိုက်ထောင့်အထွဋ်ဖျားသို့ ရောက် ပြန်၏။

  4. ထိုသို့သောအားဖြင့်လည်း အလွန်ကြီးမြတ်၍ အဘိုးထိုက်သော ဂတိများကို ငါတို့၌အပ်ပေးတော်မူပြီ။ အကြောင်းမူကား၊ ထိုဂတိတော်များကို အမှီပြု၍ သင်တို့သည် လောကီတပ်မက်ခြင်းအညစ်အကြေးနှင့် ကင်းလွတ်သဖြင့်၊ ဘုရားပကတိကို ဆက်ဆံရသောသူ ဖြစ်ကြမည်အကြောင်းတည်း။