အကြောင်းအရာသို့ ကျော်သွားရန်

Pillow အကြောင်း ကျမ်းစာအခန်းငယ်များ: 1. A cushion

5 အခန်းငယ် · 2 ရှုထောင့်

1. A cushion အကြောင်း အခန်းငယ်များ

  1. တစုံတခုသောအရပ်သို့ရောက်၍၊ မိုဃ်းချုပ် သောကြောင့်၊ ညဉ့်ကို လွန်စေမည်အကြံရှိသည်နှင့်၊ ထိုအရပ်၌ ကျောက်ကိုယူ၍ ခေါင်းအုံးဘို့ ထားပြီးလျှင် အိပ်လေ၏။

  2. နံနက်စောစော ယာကုပ်သည်ထ၍၊ ခေါင်းအုံး သော ကျောက်ကို ယူသဖြင့်၊ မှတ်တိုင်ဖြစ်စေလျက် ထူ ထောင်ပြီးလျှင်၊ ကျောက်ထိပ်ဖျားအပေါ်၌ ဆီကို လောင်းလေ၏။

  3. ဒါဝိဒ်နှင့် အဘိရှဲတို့သည် ညဉ့်အခါ တပ်သားများရှိရာသို့ သွား၍ ရှောလုသည် ရထားတပ်အလယ်၌ အိပ်ပျော်လျက်၊ လှံတော်သည် ခေါင်းရင်းအနား မြေ၌ စိုက်လျက်၊ အာဗနာနှင့် တပ်သားများတို့သည် ပတ်လည်၌အိပ်လျက်ရှိကြ၏။

  4. ထာဝရဘုရား ပေးတော်မူသော ဘိသိက်ခံသူကို ငါမထိခိုက်မည်အကြောင်း ထာဝရဘုရား ဆီးတားတော်မူပါစေသော။ သို့ရာတွင် ခေါင်းရင်းတော်နားမှာရှိသော လှံတော်နှင့် ရေဘူးကို ယူ၍ သွားကြကုန်အံ့ဟု ဆိုလျက်၊

  5. သင်ပြုသောအမှုသည် မလျောက်ပတ်။ ထာဝရဘုရားအခွင့်နှင့် ဘိသိက်ခံသော သင်၏သခင်ကို မစောင့်သောကြောင့်၊ ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း သင်သည် အသေခံထိုက်ပေ၏။ ခေါင်းရင်းတော်နားမှာ ထားသော ရှင်ဘုရင်၏ လှံတော်နှင့် ရေဘူးတော်ရှိသည် မရှိသည်ကို ကြည့်ရှုလော့ဟု အာဗနာအားပြောဆို၏။