Pilgrims and Strangers အကြောင်း ကျမ်းစာအခန်းငယ်များ: Saints confess themselves
Saints confess themselves အကြောင်း အခန်းငယ်များ
အကျွန်ုပ်တို့သည် ဘိုးဘေးများကဲ့သို့ ရှေ့တော်၌ ဧည့်သည် အာဂန္တုဖြစ်ပါ၏။ မြေကြီးပေါ်မှာ နေရသော ကာလသည် အရိပ်ကဲ့သို့ ဖြစ်ပါ၏။ မှီခိုရာမရှိပါ။
အိုထာဝရဘုရား၊ အကျွန်ုပ်ဆုတောင်းခြင်း ပဌနာကို ကြားတော်မူပါ။ အကျွန်ုပ်အောဟစ်သော အသံကို နားထောင်တော်မူပါ။ အကျွန်ုပ်မျက်ရည်ကို ကြည့်၍ နေတော်မမူပါနှင့်။ ဘိုးဘေးအပေါင်းတို့သည် ဖြစ်ဘူးသကဲ့သို့၊ အကျွန်ုပ်သည် ရှေ့တော်၌ဧည့်သည် အာဂန္တုဖြစ်၏။
အကျွန်ုပ်သည် မြေကြီးပေါ်မှာ ဧည့်သည်ဖြစ်ပါ ၏။ ပညတ်တော်တို့ကို ဝှက်ထားတော်မမူပါနှင့်။
ယခုဆိုခဲ့ပြီးသောသူအပေါင်းတို့သည်၊ ဂတိတော်နှင့်စပ်ဆိုင်သော အကျိုးကျေးဇူးကိုမခံရဘဲ၊ အဝေး ကမြော်မြင်လျက်၊ စိတ်နှလုံးနှင့် ဘက်ယမ်းလျက်၊ မိမိတို့သည် မြေကြီးပေါ်မှာ တကျွန်းသူတနိုင်ငံသား၊ ဧည့်သည် အာဂန္တုဖြစ်သည်ကို ထင်ရှားစွာဝန်ခံလျက်၊ ယုံကြည်ခြင်းစိတ်နှင့်သေလွန်ကြ၏။