Pardon အကြောင်း ကျမ်းစာအခန်းငယ်များ: The unforgiving
The unforgiving အကြောင်း အခန်းငယ်များ
သင်တို့သည် သူ့အပြစ်ကို မလွှတ်လျှင်၊ ကောင်းကင်ဘုံ၌ ရှိတော်မူသောသင်တို့အဘသည် သင်တို့၏ အပြစ်ကို လွှတ်တော်မမူဟု မိန့်တော်မူ၏။
သူတပါး၏အမှု၌ စစ်ကြောဆုံးဖြတ်ခြင်းကို မပြုကြနှင့်။ မပြုလျှင်သင်တို့သည် စစ်ကြောဆုံးဖြတ်ခြင်း နှင့် ကင်းလွတ်ကြလိမ့်မည်။ သူအပါးကို အပြစ်မစီရင်ကြနှင့်။ မစီရင်လျှင်သင်တို့သည် အပြစ်စီရင်ခြင်းနှင့် ကင်းလွတ်ကြလိမ့်မည်။ သူ့အပြစ်ကို လွှတ်ကြလော့။ လွှတ်လျှင် ကိုယ်အပြစ်လွတ်လိမ့်မည်။