Marriage အကြောင်း ကျမ်းစာအခန်းငယ်များ: With great rejoicing
With great rejoicing အကြောင်း အခန်းငယ်များ
နောက်တဖန်ဝမ်းမြောက်သော အသံ၊ ရွှင်လန်း သော အသံ၊ မင်္ဂလာဆောင်သတို့သားအသံ၊ မင်္ဂလာ ဆောင်သတို့သမီးအသံ၊ ထာဝရဘုရားသည် ကောင်းမြတ် တော်မူ၍ ကရုဏာတော်သည် အစဉ်အမြဲတည်သော ကြောင့်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားကို ချီးမွမ်းကြလော့ဟုဆိုသော သူတို့၏အသံ၊ ချီးမွမ်းရာ ပူဇော်သက္ကာကို ဗိမာန်တော်သို့ဆောင်ခဲ့သော သူတို့၏ အသံကို ကြားရကြလိမ့်မည်။ အကြောင်းမူကား၊ သိမ်း သွားခြင်းကို ခံရသော ပြည်သားတို့ကို ငါဆောင်ခဲ့၍၊ အရင်ကဲ့သို့ နေစေမည်ဟု မိန့်တော်မူ၏။
မင်္ဂလာဆောင်သတို့သမီးကိုရသောသူသည် မင်္ဂလာဆောင်လုလင်ဖြစ်၏။ မင်္ဂလာဆောင်လုလင်၏ အနားမှာနေ၍ သူ၏စကားကိုကြားရသော အဆွေခင်ပွန်းသည် ထိုစကားသံကိုကြားသောအားဖြင့် ဝမ်းမြောက် ခြင်းရှိ၏။ ထိုနည်းတူ ငါ၏ဝမ်းမြောက်ခြင်း ပြည့်စုံ၏။