Hanging အကြောင်း ကျမ်းစာအခန်းငယ်များ
အဓိက ကျမ်းစာအခန်းငယ်များ
သုံးရက်လွန်မှ ဖါရောမင်းသည် သင်၏ဦးခေါင်း ကို ကိုယ်နှင့်ခွါ မြှောက်လျှက် သစ်ပင်၌ဆွဲထားတော်မူ၍၊ ငှက်တို့သည် သင်၏အသားကို နှုတ်၍စားကြလိမ့်မည်ဟု ပြန်ပြော၏။
ထိုနောက် သုံးရက်လွန်သောအခါ၊ ဖါရောမင်း ဘွားသောနေ့ရက်၌ နှစ်စဉ်ပွဲကိုခံ၍ ကျွန်တော်မျိုး အပေါင်းတို့ကို ကျွေးမွေးတော်မူစဉ်တွင်၊ ဖလားတော်ဝန် ၏ဦးခေါင်းနှင့် စားတော်ဝန်၏ဦးခေါင်းကို ကျွန်တော်မျိုး တို့တွင် ဖေါ်တော်မူ၍၊
အိပ်မက်အနက်ကို ယောသပ်ဘတ်သည် အတိုင်း၊ ဖလားတော်ဝန်ကို အထက်အရာ၌ တဖန် ခန့်ထားတော်မူသဖြင့်၊ သူသည်ဖလားတော်ကို ဖါရော မင်း၏လက်တွင် ဆက်မြဲဆက်ရ၏။
စားတော်ဝန်ကိုမူကား၊ ဆွဲထားတော်မူ၏။
သေထိုက်သော အပြစ်ရှိသောသူကို သစ်တိုင်၌ ဆွဲ၍သတ်လျှင်၊
အသေကောင်ကို သစ်တိုင်၌ တညဉ့်လုံးမထား ရ။ ထိုနေ့ခြင်းတွင် မြေ၌ ဆက်ဆက်မြှုပ်ရမည်။ သစ်တိုင်၌ ဆွဲထားခြင်းကို ခံရသောသူသည် ကျိန်ခြင်းကို ခံရသော သူဖြစ်၏။ သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်အမွေခံစရာဘို့ ပေးတော်မူသော ပြည်သည် မညစ် ညူးစေမည် အကြောင်း ထိုသို့ပြုရမည်။