Skip to content

Giving အကြောင်း ကျမ်းစာအခန်းငယ်များ

8 အခန်းငယ် · 1 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

  1. လူများတို့ မြင်စေခြင်းငှါ ကိုယ်သီလအကျင့်ကို သူ့ရှေ့မှောက်၌ မကျင့်မည်အကြောင်း သတိပြုကြ လော့။ သို့မဟုတ် ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဘထံမှ အကျိုးကိုမခံမရကြ။

  2. ထိုကြောင့် သင်သည် အလှူဒါနကို ပေးသောအခါ လျှို့ဝှက်သောသူတို့သည် လူများအချီးအမွမ်းကို ခံလို၍ ပွဲသဘင်လမ်းခရီး၌ မိမိတို့ရှေ့မှာ တံပိုးခရာမှုတ်စေသည်နည်းတူမပြုနှင့်။ ငါအမှန်ဆိုသည်ကား၊ ထိုသူတို့သည် မိမိတို့အကျိုးကိုရကြပြီ။

  3. သင်သည် အလှူဒါနကိုပေးသောအခါ ပေးကြောင်းကို မထင်ရှားစေခြင်းငှါ၊ လက်ျာလက်ပြုသည် အမှုကို လက်ဝဲလက်မျှမသိစေနှင့်။

  4. မထင်ရှားသောအရာကို မြင်တော်မူသော သင်၏အဘသည် အကျိုးကိုထင်ရှားစွာ ပေးတော်မူလတံ့။

  5. သို့ဖြစ်၍၊ အထက်ကစေတနာရှိသည်နှင့်အညီ၊ ယခုတွင်သင်တို့သည် တတ်နိုင်သည်အတိုင်းပြု၍ ဤအမှုကို ပြီးစီးစေကြလော့။

  6. အကြောင်းမူကား၊ စေတနာစိတ်သည် အသင့်ရှိလျှင်၊ မတတ်နိုင်သောအမှုကိုမထောက်ဘဲ၊ တတ်နိုင်သောအမှုကိုထောက်၍ နှစ်သက်တော်မူဘွယ်ဖြစ်၏။

  7. အနည်းငယ်သောမျိုးစေ့ကိုကြဲသောသူသည် စပါးအနည်းငယ်သာရိတ်ရမည်။ များစွာကြဲသောသူသည် များစွာရိတ်ရမည်ဟု မှတ်ကြလော့။

  8. လူတိုင်း ကိုယ်အလိုအလျှောက်လှူရ၏။ နှမြောသောစိတ်နှင့် မလှူရ၊ မလှူဘဲ မနေရဟု စိတ်ထင်နှင့် မလှူရ၊ အကြောင်းမူကား၊ စေတနာစိတ်နှင့်လှူသော သူကိုသာ ဘုရားသခင်နှစ်သက်တော်မူ၏။