Skip to content

Girdle အကြောင်း ကျမ်းစာအခန်းငယ်များ

13 အခန်းငယ် · 7 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

  1. အခြားသော ရွှေနှစ်ကွင်းကိုလည်း လုပ်၍၊ သင်တိုင်းရှေ့ဘက်အောက်နား၌ ထူးဆန်းသော ရင်စည်း အပေါ်နားဆက်မှီရာတွင်၊ သင်တိုင်းကိုယ် တဘက်တချက်၌ တပ်ရမည်။

  2. ရင်ဖုံးရွှေနှစ်ကွင်းကို သင်တိုင်း ရွှေနှစ်ကွင်းနှင့်တွဲ၍၊ ပြာသောကြိုးဖြင့် ပြီးစေရမည်။ ထိုသို့ ရင်ဖုံးကို ထူးဆန်းသော ရင်စည်းအပေါ်နားမှာ ဆွဲ၍၊ သင်တိုင်းနှင့်မကွာ အမြဲရှိစေရမည်။

  3. တဖန် ထာဝရဘုရားက၊ သင်သည် ချည်ခါးပန်း ကို သွား၍ယူပြီးလျှင် ခါး၌စည်းလော့။ ရေနှင့်မလျှော်ရ ဟု ငါ့အားမိန့်တော်မူသော စကားတော်အတိုင်း၊

  4. ငါသည် ခါးပန်းကိုယူ၍ ခါး၌စည်းလေ၏။

  5. ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ဒုတိယ အကြိမ် ငါ့ဆီသို့ရောက်လျှင်၊

  6. သင်သည် ခါး၌စည်းသော ခါးပန်းကို ယူပြီး လျှင်၊ ဥဖရတ်မြစ်သို့ ထသွား၍၊ ကျောက်တွင်း၌ ဝှက်ထား လော့ဟု၊

  7. မိန့်တော်မူသည်အတိုင်း၊ ငါသည်သွား၍ ဥဖရတ်မြစ်နားမှာ ဝှက်ထား၏။

  8. ထိုနောက်၊ ကာလအင်တန်ကြာပြီးမှ၊ ထာဝရ ဘုရားက၊ သင်သည် ထ၍ ဥဖရတ်မြစ်သို့ သွားလော့။ ထိုမြစ်နားမှာ ငါ့အမိန့်တော်နှင့် ဝှက်ထားခဲ့ပြီးသော ခါးပန်းကိုထုတ်လော့ဟု မိန့်တော်မူ၏။

  9. ငါသည်လည်း ဥဖရတ်မြစ်နားသို့ သွားပြီးလျှင်၊ ဝှက်ထားရာ အရပ်၌တူး၍ ခါးပန်းကို ထုတ်သောအခါ၊ ခါးပန်းသည် ဆွေးမြေ့၍ အသုံးမရဖြစ်၏။

  10. ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီ သို့ရောက်၍ မိန့်တော်မူသည်ကား၊

  11. ထိုနည်းတူ၊ ယုဒပြည်၏ ထောင်လွှားခြင်းကို ငါရှုတ်ချမည်။ ယေရုရှလင်မြို့၏ ထောင်လွှားခြင်းကို အလွန်ရှုတ်ချမည်။

  12. ငါ့စကားကို နားမထောင်၊ မိမိစိတ်နှလုံးခိုင်မာ သော သဘောအတိုင်းကျင့်၍၊ အခြားတပါးသော ဘုရား တို့ကို ဝတ်ပြုကိုးကွယ်ခြင်းငှါ လိုက်သွားသော ဤလူဆိုး မျိုးသည်၊ အသုံးမရသော ဤခါးပန်းကဲ့သို့ ဖြစ်လိမ့်မည်။

  13. ခါးပန်းသည် လူ၏ခါး၌မှီဝဲသကဲ့သို့၊ ဣသရေလ အမျိုးရှိသမျှတို့နှင့် ယုဒအမျိုးအပေါင်းတို့သည် ငါ၏ လူမျိုး၊ ဘွဲ့နာမ၊ ဘုန်းအသရေဖြစ်စေခြင်းငှါ၊ ငါ၌မှီဝဲ စေသော်လည်း၊ သူတို့သည်နားမထောင်ကြဟု ထာဝရ ဘုရား မိန့်တော်မူ၏။