Skip to content

Fool အကြောင်း ကျမ်းစာအခန်းငယ်များ: General references

36 အခန်းငယ် · 1 ရှုထောင့်

General references အကြောင်း အခန်းငယ်များ

ကျမ်းအလိုက် စစ်ထုတ်ရန်
  1. မိုက်သောသူကို ရှောင်၍ အသက်ချမ်း သာရ လော့။ ပညာလမ်းသို့လိုက်လော့ဟုဆိုသတည်း။

  2. မထီမဲ့မြင်ပြုသောသူကို ဆုံးမသောသူသည် အရှက်ကွဲခြင်းကို၎င်း၊ လူဆိုးကိုအပြစ်ပြသော သူသည် ကဲ့ရဲ့ခြင်းကို၎င်း ခံရလိမ့်မည်။

  3. မထီမဲ့မြင်ပြုသော သူကိုမဆုံးမနှင့်။ သင့်ကို မုန်းလိမ့်မည်။ ပညာရှိကိုအပြစ်ပြလော့။ သူသည် သင့်ကို ချစ်လိမ့်မည်။

  4. မိုက်သောမိန်းမသည် စကားသံကျယ်၍ ဉာဏ် တိမ်သဖြင့် အလျှင်းမသိတတ်။

  5. မိမိအိမ်တံခါးနားတွင် မြို့မြင့်ရာအရပ် အနေအထိုင်ပေါ်မှာ ထိုင်လျက်၊

  6. လမ်း၌တည့်တည့် ခရီးသွားသော သူတို့ကို ခေါ်၍၊

  7. ဉာဏ်တိမ်သော သူသည် ဤအရပ်သို့ဝင်စေ။ အိုပညာမရှိသောသူ၊

  8. ခိုးသောရေသည် ချို၏။ တိတ်ဆိတ်စွာစား သောမုန့်လည်း မြိန်သည်ဟု ဆိုတတ်၏။

  9. ဉာဏ်ကောင်းသောသူသည် ပညာစကားကို ပြောတတ်၏။ ဉာဏ်မဲ့သောသူ၏ကျောအဘို့မူကား ကြိမ်လုံးရှိ၏။

  10. ပညာရှိသောသူတို့သည် ကြားသိသောအရာကို သိမ်းထားတတ်၏။ မိုက်သောသူ၏နှုတ်မူကား၊ အကျိုး နည်းခြင်းနှင့်နီးစပ်၏။

  11. မိုက်သောသူနှင့်တွေ့၍ သူ၏နှုတ်၌ ပညာ အတတ်မရှိသည်ကို သိမြင်လျှင်၊ ထိုသူကို ရှောင်သွား လော့။

  12. ပညာသတိရှိသော သူ၏ပညာကား၊ ကိုယ်သွား ရသော လမ်းကို သိခြင်းတည်း။ မိုက်သောသူ၏ မိုက်ခြင်း မူကား၊ ပရိယာယ်တည်း။

  13. မိုက်သောသူတို့သည် ဒုစရိုက်အပြစ်ကို မထီ လေးစားပြုကြ၏။ ဖြောင့်မတ်သော သူတို့မူကား၊ တယောက်ကိုတယောက် ကျေးဇူးပြုကြ၏။

  14. ပညာရှိသောသားသည်အဘဝမ်းမြောက်ခြင်း အကြောင်းဖြစ်၏။ မိုက်သောသားမူကား၊ မိမိအမိကို မထီမဲ့မြင်ပြုတတ်၏။

  15. ဉာဏ်မရှိသောသူသည် မိုက်ခြင်း၌ ပျော်မွေ့ တတ်၏။ ဉာဏ်ရှိသော သူမူကား၊ ဖြောင့်မတ်သော အကျင့် ကို ကျင့်တတ်၏။

  16. ဉာဏ်ရှိသောသူသည် ပညာကို မျက်မှောက် ပြုတတ်၏။ မိုက်သောသူ၏ မျက်စိမူကား၊ မြေကြီးစွန်း တိုင်အောင်လှည့်၍ ကြည့်ရှုတတ်၏။

  17. မိုက်သော သူသည် အဘဝမ်းနည်းစရာ အကြောင်း၊ မွေးသော အမိစိတ်ညစ်စရာအကြောင်း ဖြစ်၏။

  18. မိုက်သောသူ၏နှုတ်ခမ်းတို့သည် ရန်တွေ့ တတ်၏။ သူ၏နှုတ်သည်လည်း အပြစ်ဒဏ်ကို တောင်း တတ်၏။

  19. မိုက်သောသူ၏နှုတ်သည် ပျက်စီးရာအကြောင်း၊ နှုတ်ခမ်းတို့သည်လည်း မိမိအသက်ကို ကျော့မိရာ အကြောင်းဖြစ်၏။

  20. မြင်းဘို့နှင်တံ၊ မြင်းဘို့ဇက်ကြိုး၊ မိုက်သောသူ၏ ကျောဘို့ ကြိမ်လုံးသည် သင့်ပေ၏။

  21. မိုက်သောသူ၏ သဘောသို့လိုက်၍၊ သူ၏စကား ကို မချေနှင့်။ ထိုသို့ချေလျှင် သူနှင့်တူလိမ့်မည်။

  22. မိုက်သောသူ၏ သဘောသို့လိုက်၍ သူ၏စကား ကို ချေလော့။ သို့မဟုတ်၊ သူသည် ဝါကြွားသောစိတ် ရှိလိမ့် မည်။

  23. မိုက်သော သူတွင် မှာ လိုက်သောသူသည် ကိုယ်ခြေကို ဖြတ်၍ အကျိုးနည်းရှိ၏။

  24. သုတ္တံစကားကို မိုက်သောသူ ပြောခြင်းသည် ခြေဆွံ့သောသူ၏ ခြေကြွခြင်း ကဲ့သို့ဖြစ်၏။

  25. မိုက်သောသူကို ချီးမြှောက်ခြင်းသည် ကျောက်ပုံ ၌ ကျောက်မြတ်ကို ပစ်ထားခြင်းကဲ့သို့ ဖြစ်၏။