Skip to content

Flesh အကြောင်း ကျမ်းစာအခန်းငယ်များ

16 အခန်းငယ် · 2 ရှုထောင့်

အဓိက ကျမ်းစာအခန်းငယ်များ

  1. ငါသည်ကောင်းကင်မှဆင်းသက်သောအသက်မုန့်ဖြစ်၏။ ဤမုန့်ကို စားသောသူမည်သည်ကား၊ အစဉ် မပြတ်အသက်ရှင်လိမ့်မည်။ ငါပေးသောမုန့်ကား၊ လောကီသားတို့၏ အသက်အဘို့အလိုငှါ စွန့်သောငါ၏ အသားပေတည်းဟုမိန့်တော်မူ၏။

  2. ထိုအခါ ယုဒလူတို့က၊ ဤသူသည်မိမိအသားကို ငါတို့စားစရာဘို့အဘယ်သို့ ပေးနိုင်သနည်းဟု အချင်းချင်း ငြင်းခုံကြ၏။

  3. ယေရှုကလည်း၊ ငါအမှန်အကန်ဆိုသည်ကား၊ လူ၏အသားကိုမစား၊ အသွေးကိုမသောက်လျှင် သင် တို့၌ အသက်မရှိ။

  4. ငါ၏အသားကိုစား၍ ငါ၏အသွေးကိုလည်း သောက်သောသူသည် ထာဝရအသက်ကိုရ၏။ ထိုသူကို နောက်ဆုံးသောနေ့၌ ငါထမြောက်စေမည်။

  5. ငါ၏အသားသည် စားစရာကောင်း၏။ ငါ၏ အသွေးလည်းသောက်စရာကောင်း၏။

  6. ငါ၏အသားအသွေးကို သောက်စားသောသူသည် ငါ၌တည်၏။ ထိုသူ၌လည်း ငါတည်၏။

  7. အသက်ရှင်တော်မူသော ခမည်းတော်သည် ငါ့ကိုစေလွှတ်တော်မူ၍၊ ငါသည်ခမည်းတော်အားဖြင့် အသက်ရှင်သည်နည်းတူ၊ ငါ့ကိုစားသောသူသည် ငါ့အားဖြင့် အသက်ရှင်လိမ့်မည်။

  8. ဤမုန့်ကား၊ ကောင်းကင်မှဆင်းသက်သောမုန့်ဖြစ်၏။ သင်တို့ ဘိုးဘေးများသည် မန္နကိုစားလျက် သေရသကဲ့သို့မဟုတ်။ ဤမုန့်ကိုးစားသောသူသည် အစဉ်မပြတ်အသသက်ရှင်လိမ့်ဟု၊

  9. ကပေရနောင်မြို့မှာရားစရပ်၌ ဩဝါဒပေးစဉ်တွင် မိန့်တော်မူ၏။

  10. တပည့်တော်အများတို့သည် ကြားလျှင်၊ ထိုစကားသည် အလွန်ခက်လှ၏။ အဘယ်သူနာခံနိုင်မည် နည်းဟု ဆိုကြ၏။

  11. ထိုသို့တပည့်တော်တို့ ကဲ့ရဲ့ဖြစ်တင်သည်ကို ယေရှုသည်အလိုအလျောက်သိတော်မူလျှင်၊ ဤတရား စကားကြောင့် သင်တို့သည် စိတ်ပျက်ကြသလော့။

  12. လူသားသည်အရင်နေရာအရပ်သို့တဖန် ကြွတတ်သည်ကိုမြင်ရလျှင် အဘယ်သို့ ထင်မှတ်ကြမည် နည်း။

  13. ဝိညာဉ်သာလျှင်အသက်ရှင်စေ၏။ ကိုယ်ကာယသည်အလျှင်မတတ်နိုင်။ ငါပြောသောစကားသည် ဝိညာဉ်ဖြစ်၏။ အသက်လည်းဖြစ်၏။

  14. ဇာတိပကတိအကျင့်တို့သည်ထင်ရှားကြ၏။ ထိုအကျင့်တို့ မူကား၊ သူ့မယားကိုပြစ်မှားခြင်း၊ မတရား သောမေထုန်၌မှီဝဲခြင်း၊ ညစ်ညူးစွာကျင့်ခြင်း၊ ကိလေသာ လွန်ကျူးခြင်း၊

  15. ရုပ်တုကိုကိုးကွယ်ခြင်း၊ သူတပါးကိုပြုစားခြင်း၊ ရန်ငြိုးဖွဲ့ခြင်း၊ ရန်တွေ့ခြင်း၊ ဂုဏ်ပြိုင်ခြင်း၊ အမျက်ထွက်ခြင်း၊ ငြင်းခုန်ခြင်း၊ အချင်းချင်း ကွဲပြားခြင်း၊ သင်းခွဲခြင်း၊

  16. သူ့အကျိုးကိုငြူစူခြင်း၊ လူအသက်ကိုသတ်ခြင်း၊ ယစ်မျိုးကို သောက်ကြူးခြင်း၊ ပွဲလုပ်ခြင်းမှစ၍ ထိုသို့သော အကျင့်ပေတည်း။ ထိုသို့သော အကျင့်ကို ကျင့်သောသူတို့သည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေ မခံကြရဟု အထက်ကငါပြောနှင့်ခဲ့ပြီးသည်အတိုင်း ယခုပင်လည်း ငါပြောနှင့်၏။