Drink Offering အကြောင်း ကျမ်းစာအခန်းငယ်များ: Offered to the queen of heaven
Offered to the queen of heaven အကြောင်း အခန်းငယ်များ
ငါတို့မှစ၍ ငါတို့ဘိုးဘေး၊ ရှင်ဘုရင်၊ မှူးမတ် တို့သည် ယုဒမြို့များ၊ ယေရုရှလင်လမ်းများ၌ ပြုဘူး သကဲ့သို့၊ ကောင်းကင်မိဖုရားအဘို့ နံ့သာပေါင်းကို မီးရှို့၍၊ သွန်းလောင်းရာ ပူဇော်သက္ကာကိုပြုခြင်းငှါ၊ ကိုယ် အလိုအလျောက် စီရင်သည်အတိုင်း ဆက်ဆက်ပြုမည်။ အထက်က ဝစွာစားရကြ၏။ ဘေးနှင့်လွတ်၍ ချမ်းသာ စွာ နေရကြ၏။
ကောင်းကင်မိဖုရားအဘို့နံ့သာပေါင်းကို မီးမရှို့၊ သွန်းလောင်းရာပူဇော်သက္ကာကို မပြုဘဲနေပြန်သော အခါ၊ အလွန်ဆင်းရဲခြင်း၊ ထားဘေး၊ မွတ်သိပ်ခြင်း ဘေးဖြင့် ပျက်စီးခြင်းသို့ ရောက်ကြပြီ။
ကောင်းကင်မိဖုရားအဘို့ နံ့သာပေါင်းကိုမီးရှို့၍၊ သွန်းလောင်း ရာပူဇော်သက္ကာကို ပြုသောအခါ၊ ငါတို့၏ ယောက်ျားမပါဘဲ မုန့်ပြားတို့ကို လုပ်၍၊ သွန်းလောင်းရာ ပူဇော်သက္ကာပြုလျက် ကိုးကွယ်သလောဟုပြန်ပြောကြ၏။