Truce အကြောင်း ကျမ်းစာအခန်းငယ်များ: In battle
In battle အကြောင်း အခန်းငယ်များ
ထိုအခါအာဗနာက၊ ယွာဘကိုဟစ်၍၊ ထားသွားသည် အစဉ်မပြတ် ကိုက်စားရမည်လော။ နောက်ဆုံး၌ ခါးသောအရသာကို တွေ့လိမ့်မည်ဟုမသိသော။ လူများတို့သည် ညီအစ်ကိုတို့ကိုမလိုက်၊ ပြန်စေမည်အကြောင်း သင်သည်အဘယ်မျှ ကာလပတ်လုံးမစီရင်ဘဲ နေမည် နည်းဟုဆိုလျှင်၊
ယွာဘက၊ ဘုရားသခင်အသက်ရှင်တော်မူသည်အတိုင်း သင်မပြောလျှင်၊ မိုဃ်းလင်းမှသာ လူများတို့သည် ညီအစ်ကိုတို့ကိုမလိုက်ဘဲနေကြလိမ့်မည်ဟု ဆိုလျက်၊
တံပိုးမှုတ်၍ လူများတို့သည် ဣသရေလ အမျိုးသားတို့ကို မလိုက်၊ စစ်မတိုက်ဘဲရပ်နေကြ၏။
အာဗနာနှင့်သူ၏လူတို့သည် တညဉ့်လုံးလွင်ပြင် သို့ရှောက်သွား၍ ယော်ဒန်မြစ်ကိုကူးပြီးလျှင်၊ ဗိသရုန် ပြည်ကိုလွန်၍ မဟာနိမ်မြို့သို့ ရောက်ကြ၏။
ယွာဘသည်လည်း အာဗနာကိုလိုက်ရာမှ ပြန်၍ လူအပေါင်းတို့ကို စုဝေးစေသောအခါ၊ အာသဟေလနှင့် ဒါဝိဒ်၏ကျွန်တကျိပ်ကိုးယောက်တို့သည် မရှိဆုံးကြပြီ။
ဒါဝိဒ်၏ကျွန်တို့သည် ဗင်္ယာမန်အမျိုးသား၊ အာဗနာ၏လူသုံးရာခြောက်ဆယ်တို့ကို သေအောင် လုပ်ကြံကြပြီ။