Skip to content
ဇာခရိအနာဂတ္တိကျမ်း 14:20

ဇာခရိအနာဂတ္တိကျမ်း 14:20

အနီးပတ်ဝန်းကျင် အကြောင်းအရာနှင့်အတူ အခန်းငယ် 20 ကို ပြသနေသည်။
17
ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားဟူ သော ရှင်ဘုရင်ကို ကိုးကွယ်အံ့သောငှါ၊ မြို့တော်သို့တက် ၍ မလာသောမြေကြီးသား အဆွေအမျိုးရှိသမျှအပေါ်သို့ မိုဃ်းမရွာရ။
18
အဲဂုတ္တုပြည်သား အဆွေအမျိုးသည် မတက် မလာလျှင်၊ မိုဃ်းမရွာဘဲနေသဖြင့်၊ သကေနေပွဲကို ခံအံ့ သောငှါ တက်၍ မလာသောလူမျိုးတို့၌၊ ထာဝရဘုရား ပေးတော်မူသော ဘေးဒဏ်သည် ထိုသူတို့ကိုလည်း ထိလိမ့်မည်။
19
ဤရွေ့ကား၊ သကေနေပွဲကို ခံအံ့သောငှါ တက် ၍ မလာသော အဲဂုတ္တုအမျိုးသား၊ တပါးအမျိုးသား အပေါင်းတို့ ခံရသောအပြစ်ပေတည်း။
20
ထိုနေ့ရက်ကာလတွင် ထာဝရဘုရားအား သန့် ရှင်းခြင်းဟု၊ မြင်း၌ဆွဲသော ဆည်းလည်းအပေါ်မှာပင် အက္ခရာတင်ရလိမ့်မည်။ ထာဝရဘုရား၏အိမ်တော်၌ အိုးတို့သည် ယဇ်ပလ္လင်ရှေ့မှာရှိသော ဖလားကဲ့သို့ ဖြစ် ကြလိမ့်မည်။
21
ထိုမျှမက၊ ယေရုရှလင်မြို့မှစ၍ ယုဒပြည်၌ ရှိသမျှသော အိုးတို့သည် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားအား သန့်ရှင်းကြလိမ့်မည်။ ယဇ်ပူဇော် သောသူအပေါင်းတို့သည်လာ၍၊ ထိုအိုးတို့ကို ယူပြီးလျှင် ချက်ပြုတ်ကြလိမ့်မည်။ ထိုနေ့မှစ၍ နောက်တဖန် ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား၏အိမ်တော်၌ ခါနနိလူမရှိရ။ ပရောဖက်ဇာခရိစီရင်ရေးထားသော အနာဂတ္တိကျမ်း ပြီး၏။
Settings

Reading style

Typeface

Font size 19px

Reading width 75 chars

Options