ဇာခရိအနာဂတ္တိကျမ်း 13:2-3
2
ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားမိန့် တော်မူသည်ကား၊ ပြည်တော်တွင် ရှိသော ရုပ်တုတို့၏ နာမများကို နောက်တဖန်အဘယ်သူမျှ မမှတ်မိစေခြင်း ငှါ၊ ထိုကာလ၌ ငါသုတ်သင်ပယ်ရှင်းမည်။ ပရောဖက်လုပ် သောသူတို့ကို၎င်း၊ ညစ်ညူးသော ဝိညာဉ်ကို၎င်း ပြည် တော်မှ နှင်ထုတ်မည်။
3
လူတစုံတယောက်သည် ပရောဖက်ပြုသေးလျှင်၊ ဘွားမြင်သော မိဘတို့က၊ သင်သည် ထာဝရဘုရား၏ နာမကို အမှီပြု၍ မုသာစကားကို ဟောပြောသောကြောင့် အသေခံရမည်ဟုဆိုလျက်၊ ပရောဖက်ပြုစဉ်ပင် ကိုယ်မိဘ တို့သည် သူ့ကို ထုတ်ချင်းခပ် ထိုးကြလိမ့်မည်။
ကျမ်းစာ မူရင်း- Judson Burmese Bible · အများပိုင်