Skip to content
ရှောလမုန်သီချင်း 8:5

ရှောလမုန်သီချင်း 8:5

အနီးပတ်ဝန်းကျင် အကြောင်းအရာနှင့်အတူ အခန်းငယ် 5 ကို ပြသနေသည်။
2
ကိုယ်တော်ကို လက်ဆွဲ၍၊ မိခင်၏အိပ်ခန်းထဲသို့ ဆောင်သွားပါလိမ့်မည်။ သူသည်လည်း ကျွန်မကို သွန်သင်သဖြင့်၊ ကျွန်မသည်ဆေးရောသော စပျစ်ရည် နှင့် ကျွန်မသလဲရည်ကို ကိုယ်တော်အား သောက်တော် မူပါစေမည်။
3
သခင်၏ လက်ဝဲလက်သည် ငါ့ခေါင်းကိုထောက် မလျက်၊ လက်ျာလက်သည် ငါ့ကိုဘက်လျက် နေတော် မူပါစေ။
4
ယေရုရှလင်မြို့သမီးတို့၊ ငါချစ်သောသတို့သမီး သည် အလိုလိုမနိုးမှီတိုင်အောင်၊ မလှုပ်မနှိုးမည် အကြောင်း၊ တော်၌ကျင်လည်သော သမင်ဒရယ်များကို တိုင်တည်၍ သင်တို့ကို ငါ့မှာထာ၏။
5
မိမိချစ်ရာသခင်၌ မြှောင်၍တောထဲက လာ သောထိုသူကား၊ အဘယ်သူ ဖြစ်ပါလိမ့်မည်နည်း။
6
ကျွန်မကို ကိုယ်တော်၏နှလုံးပေါ်မှာ တံဆိပ် ခတ်တော်မူပါ။ လက်ရုံးတော်ပေါ်မှာ တံဆိပ်ခတ်တော် မူပါ။ အကြောင်းမူကား၊ မေတ္တာသည် သေခြင်းနှင့်အမျှ တန်ခိုးကြီးပါ၏။ ခင်ပွန်းကို မယုံသော စိတ်သဘောသည် မရဏနိုင်ငံနှင့်အမျှ ခက်ထန်ပါ၏။ သူ၏အရှိန်သည် မီးအရှိန်၊ လျှပ်စစ်အရှိန်ဖြစ်ပါ၏။
7
သို့ရာတွင်၊ ရေများတို့သည် မေတ္တာကို မသတ် နိုင်။ မြစ်ရေတို့သည် မလွှမ်းမိုးနိုင်။ လူသည် မိမိအိမ်၌ ရှိသမျှသော ပစ္စည်းဥစ္စာတို့ကို မေတ္တာဘို့ပေးချင်သော် လည်း၊ အလွန်တရာမထီမဲ့မြင်ပြုခြင်းကို ခံရလိမ့်မည်။
8
ငါတို့၌ ညီမငယ်တယောက်ရှိ၏။ သူသည် သားမြတ်မပေါ်သေး။ ထိုညီမကို တောင်းသောအခါ၌၊ သူ့အဘို့အဘယ်သို့ ပြု့ရပါမည်နည်း။
Settings

Reading Style

Typeface

Font Size 19px

Options