Skip to content
ရှောလမုန်သီချင်း 7:10

မိန်းမက အချင်းချင်း မေတ္တာကို အတည်ပြုခြင်း

ရှောလမုန်သီချင်း 7:10
အနီးပတ်ဝန်းကျင် အကြောင်းအရာနှင့်အတူ အခန်းငယ် 10 ကို ပြသနေသည်။
7
သင်၏အရပ်သည် စွန်ပလွံပင်ကဲ့သို့ဖြစ်၍၊ သင်၏ရင်သားတို့လည်း စွန်ပလွံသီးပြွတ်နှင့်တူကြ၏။
8
စွန်ပလွံပင်ကို ငါတက်မည်၊ အကိုင်းအခက် တို့ကို ကိုင်မည်ဟု ငါဆိုသော်၊ တဖန်သင်၏ရင်သားတို့ သည် စပျစ်သီးပြွတ်ကဲ့သို့၎င်း၊ သင်ရူသောအသက်အနံ့ သည် ရှောက်ချိုသီးအနံ့ကဲ့သို့၎င်း၊
9
သင်၏နှုတ်သည်လည်း အကောင်းဆုံးသော စပျစ်ရည်ကဲ့သို့၎င်း ဖြစ်၏။
10
ငါချစ်ရာသခင်သည် ငါ့ကိုဆိုင်တော်မူ၏။ ငါ့အလိုသို့လည်း လိုက်တော်မူတတ်၏။
11
ကြွလာတော်မူပါ၊ ငါချစ်ရာသခင်။ ကြွလာတော် မူပါ။ တောအရပ်သို့ ထွက်သွား၍ ရွာတို့၌ ညဉ့်ကိုလွန်စေ ကြကုန်အံ့။
12
နံနက်စောစောထ၍ စပျစ်ဥယျာဉ်သို့သွားကြ ကုန်အံ့။ စပျစ်နွယ်ပင် သန်သည်မသန်သည်ကို၎င်း၊ အပွင့်များသည် မများသည်ကို၎င်း၊ သလဲပင်ပွင့်သည် မပွင့်သည်ကို၎င်း၊ ကြည့်ရှုကြကုန်အံ့၊ ထိုအရပ်၌ ကျွန်မ၏ မေတ္တာကို ကိုယ်တော်၌ အပ်ပေးပါမည်။
13
အနုဆေးပင်တို့သည် မွှေးကြိုင်ကြပါ၏။ ငါတို့ တံခါးနားမှာ ချိုသောအသီးမျိုး အသစ်အဟောင်းတို့ကို ကိုယ်တော်ဘို့ ကျွန်မသိုထားပါပြီ၊ ငါချစ်ရာသခင်။ ထိုစပျစ်ရည်သည် ငါချစ်ရာသခင်အဘို့ ဖြောင့် စွာ စီးတတ်ပါ၏။ အိပ်ပျော်သောသူတို့၏ နှုတ်ခမ်းသို့ အမှတ်တမဲ့ ရောက်တတ်ပါ၏။
Settings

Reading style

Typeface

Font size 19px

Reading width 90 chars

Options