Skip to content
ရှောလမုန်သီချင်း 3:6-11

ရှောလမုန်သီချင်း 3:6-11

6
မုရန်၊ လောဗန်အစရှိသော ကုန်သည် ရောင်း တတ်သောနံ့သာမှုန်မျိုးကို မီးရှို့၍၊ ထသော မီးခိုးတိုင် သဏ္ဍာန်ရှိလျက် တော်ထဲကလာသော ထိုသူကား၊ အဘယ် သူဖြစ်ပါလိမ့်မည်နည်း။
7
ထိုသူအပေါင်းတို့သည် ထားကိုင်လျက်၊ စစ်မှု စစ်ရေး၌ လေ့ကျက်သောသူ ဖြစ်ကြ၏။
8
ညဉ့်အခါ စိုးရိမ်စရာရှိသောကြောင့်၊ လူတိုင်းမိမိ အပေါ်၌ မိမိထားကိုမြှောင်ထားလျက်ရှိ၏။
9
လေဗနုန်သစ်သားဖြင့် ရှောလမုန်မင်းကြီး လုပ်တော်မူသော ယာဉ်ပျံတော်ဖြစ်၏။
10
ကွန်းစင်တိုင်တို့ကို ငွေဖြင့်၎င်း၊ အောက်ပိုင်းကို ရွှေဖြင့်၎င်း၊ ထိုင်ရန်ဖုံကို နီမောင်းသော ကမ္ပလာဖြင့်၎င်း၊ ပြီးစေတော်မူ၏။ အတွင်းကိုမူကား၊ ယေရုရှလင်မြို့သမီး တို့သည် မေတ္တာနှင့်ချယ်လှယ်ကြပြီ။
11
ဇိအုန်သတို့သမီးတို့၊ လက်ထပ်မင်္ဂလာဆောင် သောနေ့၊ နှလုံးတော်ရွှင်လန်းသောနေ့၌ မယ်တော်တင် သော ဦးရစ်သရဖူကို ဆောင်းတော်မူသော ရှောလမုန် မင်းကြီးကို သွား၍ဖူးမြင်ကြလော့။ ရှောလမုန်မင်း၏ ယာဉ်ပျံတော် ကို ကြည့်ကြလော့။ သူရဲခြောက်ကျိပ်၊ ဣသရေလအမျိုး သားသူရဲ အခြွေအရံရှိကြ၏။
Settings

Reading style

Typeface

Font size 19px

Reading width 75 chars

Options