Skip to content
ဗျာဒိတ်ကျမ်း 5:8-10

ဗျာဒိတ်ကျမ်း 5:8-10

8
ထိုစာစောင်ကိုခံယူသောအခါ၊ သတ္တဝါလေးပါးနှင့် အသက်ကြီးသူနှစ်ဆယ်လေးပါးတို့သည်၊ သန့်ရှင်းသူတို့၏ ပဌနာတည်းဟူသောမီးရှို့ရာ နံ့သာပေါင်းနှင့် ပြည့်သော ရွှေဖလားတို့ကို၎င်း၊ စောင်းတို့ကို၎င်း၊ အသီးသီးကိုင်၍ သိုးသငယ်ရှေ့၌ပြပ်ဝပ်လျက်၊
9
ကိုယ်တော်သည် အသေသတ်ခြင်းကို ခံတော် မူသောအားဖြင့်၊ အသီးအသီးဘာသာစကားကို ပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့အထဲမှ အကျွန်ုပ်တို့ကိုယူ၍၊ အသွေးတော်နှင့် ဘုရား သခင်အဘို့ ရွေးနှုတ်တော်မူ၏။
10
အကျွန်ုပ်တို့၏ ဘုရားသခင်ရှေ့မှာ၊ ရှင်ဘုရင်အရာ၌၎င်း၊ ယဇ်ပုရောဟိတ်အရာ၌၎င်း၊ ခန့်ထား၍၊ မြေကြီးပေါ်မှာ စိုးစံရသော အခွင့်ကိုပေးတော်မူ၏။ ထိုကြောင့်၊ ကိုယ်တော်သည် စာစောင်ကို ခံယူ၍တံဆိပ်တို့ကို ဖွင့်ထိုက်တော်မူ၏ဟု အသစ်သောသီချင်းကိုသီ၍ လျှောက်ဆိုကြ၏။
Settings

Reading Style

Typeface

Font Size 19px

Options