ဆာလံကျမ်း 9:7-12
7
ထာဝရဘုရားမူကား၊ ကာလအစဉ်အဆက် တည်တော်မူ၏။ တရားပလ္လင်တော်ကို ပြင်ဆင်၍၊
8
မြေကြီးသားတို့ကို တရားသဖြင့် စီရင်တော်မူ ၏။ လူမျိုးတို့အား ဖြောင့်မတ်စွာသော စီရင်ခြင်းကို ပြုတော်မူ၏။
9
ထာဝရဘုရားသည် ညှဉ်းဆဲခြင်းကိုခံရသော သူတို့၏ခိုလှုံရာ၊ ဘေးအန္တရာယ်ရောက်သည် ကာလ ခိုလှုံရာဖြစ်တော်မူ၏။
10
နာမတော်ကို သိသောသူတို့သည် ကိုယ်တော်ကို ယုံကြည်ကြပါလိမ့်မည်။ အကြောင်းမူကား၊ အိုထာဝရ ဘုရား၊ ကိုယ်တော်ကိုရှာသော သူတို့ကိုစွန့်ပစ်တော်မမူ တတ်ပါ။
11
ဇိအုန်မြို့မှာ ကျိန်းဝပ်တော်မူသော ထာဝရ ဘုရားကို ထောမနာသီချင်းဆိုကြလော့။ အမှုတော်များကို လူမျိုးတို့အား ဟောပြောကြလော့။
12
လူအသက်သတ်ခြင်းအမှုကို စစ်တော်မူ၍၊ အသေခံရသောသူတို့ကို အောက်မေ့တော်မူ၏။ နှိမ့်ချ လျက်ရှိသော သူတို့၏အော်ဟစ်ခြင်း အသံကိုမေ့လျော့ တော်မမူတတ်ပါ။
Settings