Skip to content
ဆာလံကျမ်း 77:7-17

ဆာလံကျမ်း 77:7-17

7
ထာဝရဘုရားသည် အစဉ်စွန့်ပစ်တော်မူမည် လော။ နောက်တဖန် ကျေးဇူးအလျှင်းမပြုဘဲ နေတော် မူမည်လော။
8
ကရုဏာတော်သည် အစဉ်ကုန်ပြီလော။ ဂတိ တော်လည်း ကာလအစဉ်အဆက်ပျက်လိမ့်မည်လော။
9
ဘုရားခင်သည် သနားခြင်းငှါ မေ့လျော့တော်မူ သလော။ အမျက်ထွက်သဖြင့် စုံစမ်းခြင်းကရုဏာတော် ကို ချုပ်တည်းတော်မူသလော။
10
ထိုသို့ဆိုသော် ငါသည် ကိုယ်မိုက်ကြောင်းကို ဝန်ခံရ၏။ ဤအမှုကား၊ အမြင့်ဆုံးသော ဘုရား၏ လက်ျာလက်တော်နှင့် ပြုပြင်တော်မူခြင်းပေတည်း။
11
ထာဝရဘုရား၏ အမှုတော်တို့ကို အောက်မေ့ ပါမည်။ ရှေးကာလ၌ ကိုယ်တော်ပြုဘူးသော အံ့ဩဘွယ် တို့ကို အောက်မေ့ပါမည်။
12
ပြုတော်မူသမျှတို့ကို ဆင်ခြင်၍စီရင်တော်မူ သော အရာတို့ကို မြွက်ဆိုပါမည်။
13
အိုဘုရားသခင်၊ ကိုယ်တော်၏ လမ်းသည် သန့်ရှင်းခြင်းနှင့်ယှဉ်ပါ၏။ ဘုရားသခင်ကဲ့သို့ အဘယ်မည်သော ဘုရားသည် ကြီးမြတ်သနည်း။
14
ကိုယ်တော်သည် အံ့ဘွယ်သော အမှုတို့ကို ပြုတတ်သော ဘုရားဖြစ်တော်မူ၏။ လူမျိုးတို့တွင် တန်ခိုးတော်ကို ပြတော်မူပြီ။
15
ကိုယ်တော်၏ လူတည်းဟူသော ယာကုပ်နှင့် ယောသပ်၏အမျိုးကို လက်ရုံးတော်နှင့် ကယ်နှုတ်တော် မူပြီ။
16
အို ဘုရားသခင်၊ ရေတို့သည် ကိုယ်တော်ကို မြင်ကြပါ၏။ ရေတို့သည် ကိုယ်တော်ကို မြင်၍ ကြောက် ရွံ့ကြပါ၏။ ရေနက်နဲရာအရပ်တို့လည်း လှုပ်ရှားကြပါ၏။
17
မိုဃ်းတိမ်တို့သည် ရေကို သွန်းလောင်း၍၊ မိုဃ်း ကောင်းကင်တို့လည်း အသံဗလံပြုကြပါ၏။ ကိုယ်တော်၏ မြှားတို့သည် အရပ်ရပ်သို့ ရောက်ကြပါ၏။
Settings

Reading style

Typeface

Font size 19px

Reading width 75 chars

Options