Skip to content
ဆာလံကျမ်း 40:12-15

ဆာလံကျမ်း 40:12-15

12
အကြောင်းမူကား၊ အတိုင်းမသိများစွာသော ဘေးဥပဒ်တို့သည် အကျွန်ုပ်ကို ဝိုင်းကြပါပြီ။ အကျွန်ုပ်မျှော် ၍ မကြည့်နိုင်အောင်ခံရသော အပြစ်တို့သည် အကျွန်ုပ် ကို မှီကြပါပြီ။ အကျွန်ုပ်ဆံပင်ထက်များပြားသည် ဖြစ်၍၊ အကျွန်ုပ်နှလုံးသည် အားလျော့ပါပြီ။
13
အိုထာဝရဘုရား၊ အကျွန်ုပ်ကို နှုတ်ယူခြင်းငှါ အလိုရှိတော်မူပါ။ အိုထာဝရဘုရား၊ အကျွန်ုပ်မစခြင်းငှါ အလျင်မမြန်ပြုတော်မူပါ။
14
အကျွန်ုပ်အသက်ကို သတ်ခြင်းငှါ ရှာကြံသော သူအပေါင်းတို့သည် အရှက်ကွဲ၍ မျက်နှာပျက်ကြပါစေ သော။ အကျွန်ုပ်၌ အန္တရယ်ပြုချင်သောသူတို့သည် လှန်ခြင်းကိုခံရ၍ ရှက်ကြောက်ခြင်းသို့ရောက်ကြပါစေ သော။
15
အကျွန်ုပ်ကို အေ့ဟေ၊ အေ့ဟေဟု ဆိုသော သူတို့သည် အရှက်ကွဲခြင်းအားဖြင့် မှိုင်တွေကြပါစေ သော။
Settings

Reading Style

Typeface

Font Size 19px

Reading Width 45 chars

Options