Skip to content
ဆာလံကျမ်း 109:21-29

ကရုဏာဖြင့် ကယ်နုတ်တော်မူရန် တောင်းပန်ခြင်း

ဆာလံကျမ်း 109:21-29
21
အိုဘုရားရှင် ထာဝရဘုရား၊ နာမတော်အတွက် ကြောင့် အကျွန်ုပ်အမှုကို စောင့်တော်မူပါ။ ကရုဏာတော် ကောင်းသည်ဖြစ်၍၊ အကျွန်ုပ်ကို ကယ်နှုတ်တော်မူပါ။
22
အကျွန်ုပ်သည် ဆင်းရဲငတ်မွတ်ပါ၏။ အကျွန်ုပ် အထဲ၌ နှလုံးနာလျက်ရှိပါ၏။
23
ရှည်လျားသော အရိပ်ကဲ့သို့ အကျွန်ုပ်ရွေ့သွား ပါ၏။ ကျိုင်းကောင်ကဲ့သို့ လှုပ်ရှားလျက်ရှိပါ၏။
24
အစာမစားဘဲ နေရသောကြောင့်၊ ဒူးဆစ်နုန့်နဲ့ ၍ အသားလည်း လျော့ပါ၏။
25
အကျွန်ုပ်သည်လည်း သူတပါးတို့ ကဲ့ရဲ့စရာ အကြောင်းဖြစ်၍၊ သူတို့သည် အကျွန်ုပ်ကို မြင်သော အခါ၊ ခေါင်းညှိတ်ခြင်းကို ပြုကြပါ၏။
26
အကျွန်ုပ်၏ ဘုရားသခင်ထာဝရဘုရား၊ အကျွန်ုပ်ကို မစတော်မူပါ။ ကရုဏာတော်ရှိသည်အတိုင် ကယ်တင်တော်မူပါ။
27
ထိုအမှုသည် တန်ခိုးတော်ကြောင့်ဖြစ်၍၊ ထာဝရဘုရားတည်းဟူသော ကိုယ်တော်စီရင်တော်မူ သည်ဟု ထိုသူတို့သည် သိကြပါစေသော။
28
ထိုသူတို့သည် ကျိန်ဆဲသော်လည်း၊ ကိုယ်တော်မူကား ကောင်းကြီးပေးတော်မူပါ။ သူတို့သည် ထသောအခါ အရှက်ကွဲကြပါစေသော။ ကိုယ်တော်၏ ကျွန်မူကား၊ ဝမ်းမြောက်ပါစေသော။
29
အကျွန်ုပ်၏ ရန်သူတို့သည် ရှက်ကြောက်ခြင်း အဝတ်ကိုဝတ်၍၊ စောင်နှင့်ခြုံသကဲ့သို့၊ မျက်နှာပျက်ခြင်း နှင့် ကိုယ်ကိုခြုံကြပါစေသော။
Settings

Reading style

Typeface

Font size 19px

Reading width 75 chars

Options