ဆာလံကျမ်း 106:38-40
38
ထိုသို့အပြစ်မရှိသော သူတို့၏ အသွေး၊ ခါနာန် ရုပ်တုတို့ရှေ့မှာ ယဇ်ပူဇော်သော ကိုယ်သားသမီးတို့၏ အသွေးကို သွန်ကြ၍၊ ထိုမြေသည် အသွေးနှင့် ညစ်ညူး လေ၏။
39
သူတို့သည် ကိုယ်အကျင့်အားဖြင့် ကိုယ်ကို ညစ်ညူးစေ၍၊ ကိုယ်အမှုတို့တွင် မှားယွင်းကြ၏။
40
ထိုကြောင့် ထာဝရဘုရားသည် မိမိလူတို့ကို အမျက်တော်ထွက်၍၊ မိမိအမွေတော်ကို ရွံရှာတော်မူ၏။
Settings